Mad🌧️

91 6 0
                                    

Mad

အင်း....ပင်ပန်းလိုက်တာ။

နောက်ဆုံးတော့ ပြီးသင့်ပြီးထိုက်တာတွေ ပြီးသွားရတာပါပဲ။တစ်ချို့အရာတွေက ခက်ခက်ခဲခဲရင်ဆိုင်ဖြေရှင်းရတာမျိုး.....။

လက်က တစစ်စစ်နဲ့ကိုက်ခဲနေတယ်....ပေါင်မှာရှိနေတဲ့ ဒဏ်ရာရောပဲ.....အရမ်းနာတယ်.....။နာမှာပေါ့ သံဆိပ်တက်ပြီးယောင်ကိုင်းနေတာကိုး.....။သံကတ်ကြေးနဲ့ စိတ်ကျေနပ်တဲ့အထိ ထိုးခွဲထားတာလေ...။ကျွန်မက ကတ်ကြေးတွေနဲ့ သူငယ်ချင်းဖြစ်နေပြီမဟုတ်လား။

ကျွန်မ အနားမှာသူမသာရှိရင်ခွင့်ပြုမှာမဟုတ်ဘူး။တားဆီးမှာသေချာတယ်။သူ့ကြောင့် ဒါမျိုးမဖြစ်ပါစေနဲ့ဆိုပြီးတားဆီးမှာလေ....။

သူမကိုချစ်တာမို့လို့ သူ့အတွက်ဖြစ်ရတဲ့ ဒီလိုဖြစ်စဉ်တိုင်းကို ကျွန်မ မငြိုငြင်နိုင်ပါဘူးလေ....။သူ့ကို ဘယ်လိုပြောနိုင်မလဲ....ကျွန်မမသိဘူး....နောင်လည်း သိမယ်မထင်ဘူး။ကျွန်မရဲ့အချစ်တွေကို သူမြင်စရာမလိုပါဘူး.....သူခံစားမိဖို့ပဲလိုအပ်တာ။

ဘုရားသခင် ကောင်းချီးပေးတယ်ပြောရမလား.....နတ်မိမယ်တွေဆီက လက်ဆောင်လားတော့မသိဘူး။

အဲ့ဒါ ဘာလဲဆိုတော့ ငါ့အတွက် တော်တော်ခက်ခဲနေခဲ့တဲ့အလုပ်တစ်ခုကို လုပ်ခွင့်ရဖို့ သူကိုယ်တိုင်မသိပဲကြိုးစားပေးမိတာကိုပေါ့.....ဖြစ်စဉ်တစ်ချို့ကိုသူသိရင် သူနောင်တရနေမလား....ဒေါသထွက်နေမလားတော့မသိဘူး။

တကယ်တော့လေ....သူမက ကျွန်မအတွက် ပါရမီဖြည့်ဘက်ကောင်းတစ်ယောက်ပါ။ကျွန်မအပေါ် နည်းနည်း အကျင့်ပုတ်တာကလွဲရင်ပေါ့။

ဘယ်လိုပဲဖြစ်ဖြစ်ချစ်နေရတာမို့ ပင်ပန်းတာတွေရင်ဆိုင်ရလည်း အမောပြေသားနော်။

မျက်ရည်တွေကျလာပြန်တယ်။နှုတ်ခမ်းက ဟန်ဆောင်ပြုံးထားပေမယ့် မျက်ဝန်းကမျက်ရည်ကိုလိမ်ညာလို့မရဘူး ဟန်နီ။

ဒီဖြစ်စဥ်ကိုသေချာမှတ်သားထားရဦးမယ်....ဒီမှတ်တမ်းက ဟန်နီဘာမှန်းမသိပဲပြီးသွားသင့်တာဆိုတော့ ငါ့နှလုံးသားထဲမှာသော့ခတ်ပြီးသိမ်းရမယ်။တကယ်လို့ကျွန်မရဲ့နှလုံးခုန်ရပ်သွားခဲ့ရင် ဟန်နီဘာမှသိဖို့မလိုအပ်တော့ဘူးမဟုတ်လား။

ကျွန်မက အရာရာကိုမှတ်တမ်းတင်ရတာ နှစ်သက်တတ်သူမို့ ဟန်နီ့ကိုမရှင်းပြနိုင်တဲ့မှတ်တမ်းတစ်ခုကို ရေးသားမိရပြန်ပြီပေါ့။

ဟန်နီအိမ်ကထွက်သွားတာတစ်ပတ်ပြည့်ပြီလေ။ကျွန်မတစ်ယောက်ထဲ နာမကျန်းဖြစ်နေခဲ့တာ။သူပြန်လာတာကိုစောင့်မျှော်ရင်း ကျွန်မအားတင်းထားမိတယ်။ကျွန်မရဲ့မျက်လုံးတွေဝေဝါးလာတယ်။

အဲ့ဒီအခိုက်အတန့်မှာပဲ......။

Avery Yint Han
(Thu,12:06AM)

To My GirlfriendWhere stories live. Discover now