Yesterday.......!!

50 4 0
                                    

Yesterday.......!!

ဟုတ်တယ်......မနေ့က.....Honeyနဲ့ကျွန်မရဲ့ကြားမှာ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်ဆိုပါတော့.......။

အဲ့ဒီအဖြစ်အပျက်က ဘာလဲဆိုတော့ အကြောင်းအရာတစ်ခုကိုငြင်းခုန်ရန်ဖြစ်တယ်လို့ပဲလွယ်လွယ်ပြောကြရအောင်.....။

အမှန်တော့ သူမအတွက် အခြေအနေကဘယ်အတိုင်းအတာအထိသွားလဲမသိပေမယ့် ကျွန်မအတွက်ကတော့ တော်တော်ပြင်းထန်ခဲ့ပါတယ်။

သူက ဂိမ်းဆော့တဲ့လူတစ်ယောက်။ကျွန်မက လုံးဝဂိမ်းမဆော့တဲ့လူတစ်ယောက်ပေါ့။ကျွန်မဂိမ်းမဆော့ချင်တာမို့သူနဲ့အတူဂိမ်းမဆော့‌ပေးနိုင်ဘူးလို့ခွင့်တောင်းခဲ့တယ်။သူကလည်း လက်ခံပေးခဲ့ပါတယ်။

ဒါပေမယ့် မနေ့ကတော့ သူနဲ့ကျွန်မ ပြဿနာတက်ခဲ့တယ်ပေါ့။သူ့ဂိမ်းကို ပျောက်ကွယ်သွားမယ်ပြောမိလို့ စော်ကားတာလားဆိုပြီး ကျွန်မကိုစိတ်ဆိုးပါသတဲ့။

ကျွန်မပြောတာက ခေတ်ရေစီးကြောင်းကိုပြောချင်တာ.....နောင်လာမယ့် ခေတ်တစ်ခုပြီးတစ်ခုပြောင်းလဲသွားရင် အသစ်တွေပေါ်လာလိမ့်မယ်။အဲ့အချိန်ကျရင် ပစ္စည်းဟောင်းတွေက မေ့လျော့ခံရတာ ထုံးစံပဲလေ။

ပျောက်ကွယ်တယ်ဆိုတာက လုံးဝမရှိတော့မှ ပျောက်ကွယ်တာမဟုတ်ဘူး.....လူတွေအသုံးမပြုပဲ ချောင်ထိုးခံရရင်လည်း မေ့လျော့ခံရပြီး ရှိနေရက်နဲ့ပျောက်ကွယ်နေတာပါပဲ ဆိုတာကိုပြောပြချင်တာ။

သူက လက်မခံခဲ့ဘူး။စော်ကားတယ်တဲ့။မစော်ကားပါဘူးHoney......တကယ်လို့ စော်ကားတယ်လို့ ခေါင်းစဉ်တပ်ချင်ရင် ပထမဆုံးစကားစပြောတဲ့အပိုင်းကိုသွားရပါလိမ့်မယ်။

Honeyပြောတယ်....."ဂိမ်းမဆော့နိုင်တာ ညံ့ဖျင်းပြီးဂုဏ်မရှိဘူး"တဲ့။ဂိမ်းမဆော့တဲ့ကျွန်မကို စော်ကားလိုက်တာလားHoneyလို့ပြန်မေးရပါလိမ့်မယ်။

ဘယ်အရာမဆို သူ့ဂုဏ်နဲ့သူရှိကြတာပါပဲ။သူ့‌ ခေတ်နဲ့သူ Trends ဖြစ်နေတာတွေရှိတတ်ပါတယ်။အဲ့ဒါက သူ့အချိန်ရောက်ရင်တောက်ပမယ်....ပျက်ဆီးချိန်တန်ရင်ပျက်ဆီးမှာသဘာဝပါ။အဲ့ဒါကြောင့် ကိုယ့်အတောက်ပဆုံးအချိန်ဆိုပြီးမာန်မတက်ပါနဲ့။အရာရာက ‌ကြာရင်ပျက်ဆီးတတ်ကြတာသဘာဝပဲလို့ရှင်းပြချင်ခဲ့တာ။

To My GirlfriendWhere stories live. Discover now