Only

49 4 0
                                    

Only

သူမသိပ်လှတယ်ဟန်နီ....သူမကိုသိပ်သဘောကျတယ်။

ဒါပေမယ့် သူမက တစ်ယောက်ထဲမဟုတ်ဘူး။အဖွဲ့ဝင်လေးယောက်ရှိနေတာ။

ဒါပေမယ့် တစ်ခြားအဖွဲ့ဝင်တွေကိုမမြင်ပဲ သူမကိုပဲ သီးသန့်မြင်နေတယ် ဟန်နီ။

သူမရဲ့အလှတရား.....သူမရဲ့ပြုမူနေထိုင်ပုံတွေ....သူမနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုလေးတွေ.....တစ်ခြားဘယ်သူ့ကိုမှ မမြင်တော့ပဲ သူမတစ်ယောက်ထဲကိုပဲ သီးသန့်သဘောကျနေမိတယ် ဟန်နီ.....။

ကျွန်မ ‌အကြောင်းသေချာမသိခင်က သူတို့အဖွဲ့ကို သူ့ရဲ့ကလေး မကြိုက်ဘူးလို့ ဟန်နီသိထားခဲ့တာ။အမှန်တော့ မကြိုက်တာမဟုတ်ပါဘူး။သူမလောက် တစ်ခြားသူတွေကို မမြင်မိတာမျိုး......။

ကျွန်မကလေ.....တစ်ခုခုကို ရွေးချယ်လိုက်ပြီဆိုရင် တစ်ခြားဘယ်လိုအရာတွေပဲရှိနေပါစေ ကိုယ်ရွေးချယ်ထားတဲ့ အရာတစ်ခုထဲကိုပဲ မြင်မိတော့တာ သိရဲ့လားဟန်နီ...။

သူတို့တစ်ဖွဲ့လုံးက သိပ်လှကြတယ်။အရမ်းအောင်မြင်တယ်။ပရိတ်သတ်တွေကိုယ်စီနဲ့ သိပ်ကိုကျော်ကြားနေတဲ့ကောင်မလေးတွေရယ်ပါ။

ဒါပေမယ့်လေ ရှင့်ကလေးလေးက ကိုယ်တိုင်ရွေးချယ်ထားမိတဲ့သူမကိုပဲမြင်တယ်။သူမကို ငေးမောရင်း သူ့ဘေး‌နားက အခြားသောအလှတရားတွေ၊ကျော်ကြားမှုတွေအကုန်လုံးကို ကျွန်မ မသိတော့ဘူး....မမြင်နိုင်တော့ဘူး ဟန်နီရယ်။

အကြောင်းပြချက်ကတော့ ကျွန်မ ရွေးချယ်ထားခဲ့တာ သူမ‌တစ်‌ယောက်ထဲကိုပဲမို့လို့ပါ။

အဲ့ဒါနဲ့ပတ်သက်ပြီး နောက်ပိုင်းဟန်နီသဘောပေါက်လာခဲ့တယ်။
ကျွန်မက တစ်ခုခုကို ရွေးချယ်လိုက်ပြီဆိုရင် အဲ့ဒီတစ်ခုကိုပဲသီးသန့်မြတ်နိုးတတ်တာကိုပေါ့....ဟန်နီ နားလည်လာခဲ့တယ်။

ဟုတ်တယ်...ဟန်နီ.....ဒီစကြာဝဠာကြီး တစ်ခုလုံးထဲကမှ ရှင့်တစ်ယောက်ထဲကို သီးသန့်ရွေးချယ်ထားတာပါ။

ဟန်နီ့ဘေးက အခြားသောဘယ်လိုအရာမျိုးကိုမှ မြင်နိုင်တော့မှာမဟုတ်ပဲ ဟန်နီကြီးကသာ ကျွန်မရဲ့တစ်ဦးထဲသော နှလုံးသားပိုင်ရှင်အဖြစ်ထာဝရရွေးချယ်ခံရမှာလေ။

အခုဆို ကျွန်မရဲ့နှလုံးသားလေးကို ဟန်နီကြီး ကောင်းကောင်းနားလည်လာခဲ့ပြီလို့ ကလေး မျှော်လင့်မိပါရဲ့။

အာ.....ဟန်နီကြီးက ကျွန်မကိုသိပ်ချစ်ပြီး သဝန်တိုတတ်တာ......။

သူမကို သိပ်သဘောကျကြောင်းပြောရင်း....အင်း.....ဟန်နီကြီးက သဝန်တွေတိုပြီး ဒေါသထွက်မှာမြင်ယောင်သေးတယ်။

သူမကို အနုပညာရှင်တစ်ယောက်အနေနဲ့ မြတ်နိုးမိတာ သိရဲ့လားဟင်....။

ဟန်နီကြီးကတော့ ကျွန်မနှလုံးသားရဲ့ပိုင်ရှင်.....ကျွန်မကိုလက်ထပ်ယူထားတဲ့အိမ်ထောင်ဖက်..... ကလေးရဲ့တစ်သက်တာလုံးမြတ်နိုးရမယ့်တစ်ဦးထဲသောချစ်ရသူအမျိုးသမီးလေးအဖြစ်မြတ်နိုးမိရတာပါ။

Avery Yint Han
(Fri,11:57PM)

To My GirlfriendМесто, где живут истории. Откройте их для себя