White

93 7 0
                                    

White

ကျွန်မရဲ့မျက်လုံးတွေကိုဖွင့်လိုက်တယ်။

အိုး.....မနက်ခင်းရဲ့နေခြည်က ပြတင်းတံခါးကတစ်ဆင့်တိုးဝင်နေခဲ့ပါရောလား။အဲ့ဒီနေရာမှာ အဖြူရောင်လိုက်ကာ လေးလွင့်နေခဲ့တယ်။

စာရေးစားပွဲပေါ်က ပန်းအိုးထဲမှာတော့ အဖြူရောင်ကျူးလစ်တွေရယ်ပါ။အဲ့ဒါ ဟန်နီ့ရဲ့လက်ရာပဲဖြစ်လိမ့်မယ်ထင်ပါရဲ့။

ကျွန်မက အဖြူရောင်ကျူးလစ်တွေကိုသိပ်သဘောကျတတ်တာလေ။အဲ့ဒါကိုသိနေတဲ့ဟန်နီကြီးရဲ့လက်ရာတစ်ခုဖြစ်မှာသေချာနေတာပေါ့....။

သိပ်လှတာပဲလို့ တွေးရင်း အိပ်ရာထဲကလူးလဲထမိတယ်။ပန်းအိုးလေးဆီအပြေးသွားမိတော့........

"အို......"

ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့ ဟန်နီ.......။

"နိုးပြီလား ကလေး"

"Morning Honey.....!! ပန်းတွေက ရှင့်လက်ချက်မဟုတ်လား"

"သေချာတာပေါ့ ကလေးလေးရယ်။မင်းကြိုက်တဲ့ကျူးလစ်အဖြူ‌တွေလေ"

"လွှတ်ဦးလေ....ပန်းပွင့်လေးတွေကို နှုတ်ဆက်ချင်သေးတယ်"

"ကိုယ့်ကိုနမ်းရင် လွှတ်ပေးမယ်"

"အာဘွား"

"မရသေးဘူး....ထပ်နမ်းဦးကလေး"

"ဟာကွာ.....ပန်းပွင့်လေးတွေဆီသွားချင်ပြီလို့...."

"မလွှတ်ပေးဘူးကွာ"

ကျွန်မက ကြည်နူးစွာရယ်မောရင်း သူ့ကိုတွန်းဖယ်လိုက်တယ်။ပန်းပွင့်လေးတွေဆီအပြေးသွားမိရင်း နူးညံ့စွာ ထိတွေ့မိတယ်။

အဲ့ဒီအခိုက်အတန့်မှာပဲ ကျွန်မလန့်နိုးသွားခဲ့တယ်။

"အာ.....အိမ်မက်တစ်ခုလား"

ကျွန်မနိုးလာတဲ့အချိန်ဘေးနားမှာ ဟန်နီရှိမနေခဲ့ပါလား။အင်း....အလုပ်သွားပြီပေါ့။ဒီအချိန်က ဟန်နီအလုပ်သွားရမယ့်အချိန်ကြီးလေ....ဒီနေ့လည်း အိပ်ပျော်နေတာနဲ့ဟန်နီ့ကိုမချွဲလိုက်ရပြန်ဘူး။

ဖုန်းမြည်လာတာမို့လို့ ဖုန်းကိုင်လိုက်မိတယ်။

"Morning Bae....."

"ဟန်နီ....ဟန်နီကြီး....ရှင့်ကိုလိုက်ရှာနေတာ"

"ကိုယ်သိတာပေါ့။အဲ့ဒါကြောင့်ဖုန်းဆက်လိုက်တာ.....။ကိုယ်ရှိတယ်‌နော် ကလေး။ကိုယ်အလုပ်ရောက်ပြီ"

"အိပ်ပျော်နေတာနဲ့...... အခုတောင် အိမ်မက်မက်ပြီးလန့်နိုးလာတာ"

"တမင်မနှိုးတာလေ။ညက ပင်ပန်းသွားတယ်မလား....အဟင်း..."

"ဟာ....ရှင်ကြီး.....တော်ပြီ....ဖုန်းချလိုက်တော့မယ်...အလုပ်လုပ်တော့......."

"နေပါဦး....အိမ်မက်အကြောင်းပြောဦးလေ"

"ရှင်က ကျွန်မအတွက် ကျူးလစ်အဖြူရောင်တွေလက်ဆောင်ပေးတယ်တဲ့....ဒါပဲ....ဖုန်းချပြီ....ဂရုစိုက်အလုပ်လုပ်"

"ဟေ့ .......ဟေ့.....ကလေး.....နေဦးလေ"

ဖုန်းကိုချပစ်လိုက်ရင်းပြုံးမိတယ်။အဖြူရောင်ကျူးလစ်တွေကိုစိတ်ကူးယဉ်မိတော့.......အိုကွယ်......သိပ်နူးညံ့လွန်းတာပဲ။

အဖြူရောင်ကို ကျွန်မသိပ်မြတ်နိုးတယ်။ကျွန်မ အကြိုက်ဆုံး အဖြူရောင်တွေက သိပ်ကိုသန့်ရှင်းစင်ကြယ်လွန်းတယ်လေ။

ဟန်နီ့ဆီက ကျွန်မလက်ခံရရှိမယ့် အဖြူရောင်ပန်းစည်းလေးဆိုရင်ရော.......။

Avery Yint Han
(Mon,3:07PM)

To My GirlfriendWhere stories live. Discover now