Price🌧️

58 8 0
                                    

Price

အင်း.....ဘာလိုလိုနဲ့ ကျွန်မတို့နှစ်ဦးသားရဲ့ နှစ်ပတ်လည်နေ့ကိုရောက်တော့မယ်။

ကျွန်မတို့အခက်အခဲတွေကို အတူတူ ရင်ဆိုင်ဖြတ်ကျော်လာတာ အချိန်တော်တော်ကြာခဲ့ပြီပဲ ဟန်နီကြီးရယ်။

ကျွန်မက ဟန်နီ့ရဲ့ရင်ခွင်ကိုမှီတွယ်ရင်း ဟန်နီ့ရဲ့လက်ကိုဆုပ်ကိုင်ရင်း အရာရာကိုရင်ဆိုင်ဖြတ်ကျော်ဖို့ သတ္တိတွေရခဲ့တယ်။

သူမက ကျွန်မအတွက် ပထမဆုံးနဲ့နောက်ဆုံးချစ်ရသူပါပဲ။သူမက ကျွန်မရဲ့ တစ်ဦးထဲသောချစ်ရသူ........။

သူကျွန်မကို ဘယ်လောက်ပဲ နာကျင်အောင်လုပ်ပါစေ......ကျွန်မလေ....
ဟန်နီကြီးရဲ့လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားမှာ......ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် သူမကို မစွန့်ပစ်ဘူး.....သူမရဲ့အနားမှာ ဒီကလေးလေးက ထာဝရအတူတူရှိနေပေးမှာပါ။

သူကတော့ ဘာတွေလုပ်မလဲမသိဘူး....ဘာတွေတွေးနေလဲမသိဘူး.....သူကျွန်မကို ဘယ်လိုခံစားလဲ ကျွန်မသေချာမသိဘူး......ကျွန်မ‌ သေချာသိတာတစ်ခုက ကျွန်မရဲ့ ဟန်နီ့ကို ဖြူစင်သန့်ရှင်းပြီးစစ်မှန်တဲ့အချစ်စစ်နဲ့ ကျွန်မထာဝရချစ်သွားမှာကိုပဲ.......။

သူမကတော့ ကျွန်မ တန်ဖိုးကို နားလည်သလား......နားမလည်ဘူးလားဆိုတာ ကျွန်မ သေချာမသိပါဘူး......ကျွန်မသိတာက သူမကို တစ်သက်တာအတွက် ကျွန်မဘက်က တန်ဖိုးထားဖို့ပါ....။

ဘာပဲဖြစ်ဖြစ်သိပ်ချစ်တာမို့.....သူမ အပေါ်ထားတဲ့ ကျွန်မရဲ့သစ္စာမှန်ကန်တာမို့.....ကျွန်မနဲ့ဟန်နီကြီးရဲ့ချစ်ခြင်းတရားက ထာဝရအသက်ဝင်လှပနေပါလိမ့်မယ်။

ကျွန်မအသက်ရှင်သမျှ နောက်နေ့တွေတိုင်းမှာ ဟန်နီ့ကိုချစ်မြတ်နိုးရင်း...ဟန်နီ့ရဲ့တစ်ဦးထဲသောဇနီးတစ်ယောက်အဖြစ် ရှင်သန်သွားဖို့ ကလေး ကတိပေးပါတယ် ဟန်နီ။ဟန်နီက ကျွန်မရဲ့ပိုင်ရှင်အဖြစ် ထာဝရရှိနေမှာ....။

ကျွန်မရဲ့မြင့်မြတ်စင်ကြယ်တဲ့ချစ်ခြင်းတရားကို Angel တွေစောင့်ရှောက်ပါလိမ့်မယ် ဟန်နီ....သိပ်ချစ်တယ်ကွယ်။

တစ်ခုပဲ......အခု လောလောဆယ် သူကျွန်မကို သစ္စာဖောက်ပြီးလုပ်ချင်ရာလုပ်နေတဲ့အတွက်....ဒီကလေးရဲ့ နာကျင်ခြင်းတွေကိုသက်သေထားပြီး သစ္စာပြုပါတယ်....ကျွန်မအချစ်စစ်နဲ့ထိုက်တန်တာကို ဟန်နီနားလည်တဲ့အချိန်မှာအမြင့်မြတ်ဆုံးအချစ်စစ်တွေကို ကျွန်မအတွက်ဟန်နီကပြန်လည်ပေးဆပ်ပါစေသား.....။

Avery Yint Han
(Tue,6:20)

To My GirlfriendWhere stories live. Discover now