Promise🤍

62 3 0
                                    

Promise

"ကိုယ်မင်းလေးကိုနာကျင်အောင် နောက်ထပ်ဘယ်တော့မှလုပ်တော့မှာမဟုတ်ဘူး ကလေး"တဲ့။သူမအထပ်ထပ်ကတိပေးတဲ့စကားလေးတစ်ခွန်းပါ။

သူမကိုကျွန်မလက်ထပ်ခွင့်ရခဲ့တာ ကျွန်မသိပ်ကံကောင်းလွန်းလို့ဖြစ်ကောင်းဖြစ်နိုင်သလို သူမသိပ်ကံကောင်းလွန်းလို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်။
ဘယ်သူ့ရဲ့ကံကောင်းခြင်းလေးပဲဖြစ်ဖြစ် ကျွန်မတို့နှစ်ဦးသားသိပ်တန်ဖိုးထားကြတယ်လေ။

ကျွန်မက မကြာခဏအတွေးလွန်တတ်တယ်။မကြာခဏလည်း သူမအပေါ်မှာသံသယတွေနဲ့ပူလောင်ပြီးပြဿနာရှာတတ်သေးတယ်။သူမကိုလေ ကျွန်မအရမ်းဆိုးသွမ်းမိတဲ့အခါတိုင်း သူမက "သိပ်ချစ်တယ် ကလေးလေးရယ်"ဆိုတဲ့စကားတစ်ခွန်းနဲ့ခွင့်လွှတ်ပေးနေကျပေါ့။

သူမကိုလေ စကားလုံးတွေနဲ့ပြောမပြတတ်အောင်ချစ်တယ်။သူမကတော့ ယုံကြည်ပါ့မလားမသိဘူး။သူမယုံကြည်စရာကောင်းအောင်လည်း ကျွန်မ မကြိုးစားတတ်ခဲ့ဘူးလေ။အချိန်ရှိတိုင်း ကလေးဆန်တတ်တဲ့ကျွန်မရဲ့အပြုအမူတွေကြောင့် သူစိတ်ညစ်ရတတ်တာ။

အဲ့လိုလုပ်နေလို့ သူမကိုမချစ်တာမဟုတ်ဘူး။သူမကိုသိပ်ချစ်လွန်းလို့ ကျွန်မဆိုးသွမ်းမိတာ။

သူမကိုသိပ်ချစ်တယ်။သူမကိုဆုံးရှုံးရမှာကြောက်တယ်။ကံကြမ္မာက ဆိုးဝါးခြင်းတွေပေးရင်းကျွန်မလက်ထဲကသူမကိုလုယူသွားမှာကြောက်တယ်။သူမကကျွန်မကိုထားသွားမှာကြောက်တယ်။သူမနေမကောင်းဖြစ်မှာလည်းကြောက်တယ်။သူမကိုလေ ထာဝရပိုင်ဆိုင်ချင်တာ။

"ကလေးလေးရေ......"

ဟာ.....ကျွန်မရဲ့လက်သေးသေးလေးတွေ....(အင်း.....သူမကကျွန်မကိုချစ်လွန်းလို့တဲ့...ကလေးလေးရဲ့လက်သေးသေးလေးတွေ......ဆိုပြီးပြောတတ်တာ)အင်း...အဲ့ဒီလက်သေးသေးလေးတွေနဲ့ စာတွေရေးနေတာကို သိမ်းကြုံးပွေ့ဖက်ရင်း အဲ့ဒီကောင်မလေးကကျွန်မကိုခေါ်လိုက်တာလေ။

"ကလေးလေးရေ...."

"ရှင့်....."

"အဲ့ဒီ ကိုယ်မြတ်နိုးရတဲ့လက်သေးသေးလေးတွေက ဘာတွေရေးနေသေးတာလဲကွာ။ညနက်နေပြီ။အနားယူကြစို့လေ"

To My GirlfriendWhere stories live. Discover now