Shirt

56 5 2
                                    

Shirt

"အာ.....လွှတ်ဦးလေ ဟန်နီကြီးရာ"

"မလွှတ်ဘူး ကလေးမ"

"ဟာကွာ....ရှင်ကြီးရဲ့ရှပ်အင်္ကျီသွားယူမလို့ပါဆို.....ကလေးကိုလွှတ်ပေးလို့"

"မသွားပါနဲ့ မိန်းမရယ်။ကိုယ့်ကလေးလေးကို ကိုယ်နဲ့ဝေးရာကိုမသွားစေချင်လို့ပါကွာ"

"ဟမ်....ရှင်ရူးနေလား Honey....။ကျွန်မသွားမယ့်နေရာက ဟိုနားလေးကအဝတ်ဘီဒိုဆီကိုနော်။တစ်ခြားကမ္ဘာကို ခရီးထွက်မယ်လို့များ ထင်နေတာလားဟင်။ရှင့်အင်္ကျီယူရုံလေးပဲကို.....အခုပြန်လာမှာ....လွှတ်....."

"မလွှတ်ဘူးလို့....လွှတ်ဘူး....လွှတ်ဘူး...မလွှတ်ပေးနိုင်ဘူး မိန်းမ"

သူမကကျွန်မရဲ့ခန္ဓာကိုယ်သေးသေးလေးကို ရင်ခွင်ထဲနစ်ဝင်နေအောင်ဖက်ထားတာလေ။ကျွန်မကိုဖက်ပြီး ချွဲပျစ်နေတာ။ကျွန်မကို သိပ်ချစ်တယ်လို့တဖွဖွ ပြောရင်း ဒီနေ့ ကျွန်မကိုသူမ လွမ်းဆွတ်တမ်းတနေကြောင်း ပြောဆိုဂျီကျနေခဲ့တာ။

အဲ့လိုလွမ်းတယ်ပြောလို့ မသိတဲ့သူတွေထင်ကောင်းထင်ကြဦးမယ်။နှစ်ဦးသား ခွဲခွါနေကြရလို့လွမ်းနေတာလားဆိုပြီးလေ...အဲ့လိုမထင်လိုက်ပါနဲ့။ကျွန်မတို့ နှစ်ဦးသား တစ်စက္ကန့်လေးတောင်ခွဲမနေကြရပါဘူး။

အခုလည်း တစ်နေကုန်သူမရဲ့ပေါင်ပေါ်ထိုင်ရင်း စာရေးလိုက်၊သီချင်းနားထောင်လိုက်၊social mediaသုံးလိုက်နဲ့ ဇိမ်ကျနေသောကျွန်မရယ်ပါ။

သူက ကျွန်မကိုပေါင်ပေါ်ထိုင်ခိုင်းထားပြီး ကွန်ပျူတာတစ်လုံးနဲ့သူ့အလုပ်တွေကိုလုပ်နေခဲ့တာလေ။ကျွန်မတို့နှစ်ဦးသား တစ်စက္ကန့်လေးတောင်မခွဲရသေးပါဘူးကွယ်။

အဲ့ဒါကို ဟန်နီကြီးက အဖြစ်သည်းလွန်းနေရင်း တမ်းတနေပါတယ်တဖွဖွပြောနေတော့ ကလေးလေး ဘယ်လို့နှစ်သိမ့်ပေးရမလဲတောင် မသိတော့ဘူးရယ်။

ကျွန်မရဲ့အချစ်ကလေးကို စကားဆိုမိတယ်။

"ကလေးလေးက ဟန်နီကြီးရဲ့ အင်္ကျီယူဝတ်ချင်တယ်လေလို့....အခု နား‌ထောင်နေတဲ့သီချင်းက ရှင်ကြီးရဲ့ရှပ်အင်္ကျီယူဝတ်ရင်း နားထောင်မှပိုခံစားလို့ကောင်းတာမလား။ဟိုနားလေးကို ခဏပဲသွားမှာလေ.....နော်....ဟန်နီကြီး...."

To My GirlfriendWhere stories live. Discover now