Black

72 7 0
                                    

Black

အိမ်ထဲကိုလှမ်းဝင်လာတဲ့ကျွန်မရဲ့ဟန်နီကြီးက အနက်ရောင်ဝတ်စုံနဲ့သိပ်ကြည့်ကောင်းနေခဲ့တာ။သူမရဲ့ဖြူဝင်းတဲ့အသားအရည်ပေါ်မှာ အနက်ရောင်ရှပ်အင်္ကျီက သိပ်လိုက်ဖက်လွန်းနေခဲ့တာပေါ့။

အနက်ရောင်ကိုကျွန်မသဘောကျတယ်။အနက်ရောင်ဝတ်စုံတွေကို အမြဲဝတ်ဆင်တတ်တဲ့သူမကိုတော့ ပိုပြီးသဘောကျမိတယ်။

“ဟန်နီကြီးပြန်လာပြီ....လွမ်းနေတာသိလား....ဟန်နီ.....ဟန်နီရေ....”

အိမ်ထဲဝင်လာတဲ့ချစ်ရသူကို အပြေးအလွှားဆီးကြိုရင်း ကျွန်မစကားတွေများနေမိတယ်။

သူအလုပ်ပြန်လာတာ နွမ်းလျပုံပေါက်နေတာကိုမြင်ပေမယ့် အရမ်းလွမ်းနေတာမို့ သူ့အနားကပ်တွယ်ဖို့ကြိုးစားနေမိပြန်တယ်လေ။ပြဿနာက အဲ့ဒီအချိန်မှာစတင်တာပါ။

သူကကျွန်မရဲ့ခန္ဓာကိုယ်လေးကိုတွန်းဖယ်ပစ်လိုက်တယ်။ဧည့်ခန်းထဲက ဆိုဖာပေါ်လှဲချလိုက်ရင်း မျက်လုံးမှိတ်ငြိမ်သက်နေလေရဲ့။သူမငြိမ်သက်နေရင် စိုးရိမ်တတ်တဲ့ကျွန်မက သူ့ကိုဆက်တိုက်ခေါ်မိတယ်။

“ဟန်နီ.... ဟန်နီရေ.....ဟန်နီ....ဟန်နီကြီး...  ဟန်နီလို့.....”

“ဟာ.....နားငြီးလိုက်တာ....တိတ်တိတ်နေစမ်းပါကွာ”

ကျွန်မကိုလေသံမာမာနဲ့အော်လိုက်တာမို့ အံ့အားသင့်ပြီးငြိမ်သက်သွားမိတယ်။ပြီးတော့ မျက်ရည်ပေါက်တွေကျဆင်းလာတော့တာပေါ့။

“ဘာလဲ....ပြော....ဘာပြောမလို့လဲ”

မျက်လုံးမှိတ်ထားလျှက်သူစကားဆိုတယ်။

“ဟင့်အင်း.....”

“မင်း.....မင်း....ငိုနေပြန်ပြီလား”

ကျွန်မသူ့ကိုပြန်မဖြေမိဘူး။စကားလုံးတွေအစား ရှိုက်သံသဲ့သဲ့သာထွက်လာခဲ့တယ်လေ။

“ဟား.....ငိုပြန်ပြီ....ပြောစမ်းပါ....ငိုနေလို့မင်းဘာရလဲ....ဟင်...”

“ဟန်နီ...."

“ငါမေးတာဖြေစမ်းပါ။ငိုတော့ မင်းဘာရသလဲလို့”

“မအော်ပါနဲ့”

“မအော်ဘူးလေ....ဒီလောက်လေးတောင် မင်းကိုပြောလို့မရဘူးလား....တကယ်ပါပဲ....ဆက်ပြောနေရင်လည်း ပိုပြီးငိုနေတော့မှာမလား...ဖယ်တော့”

To My GirlfriendWhere stories live. Discover now