Scared

41 3 0
                                    

Scared

"ရင်ဘတ်အောင့်တယ်။စူးစူးရှရှပဲ"

နာကျင်နေတဲ့ရင်ဘတ်ကိုဖိရင်း ချစ်ရသူကိုအားကိုးတကြီးရှာဖွေမိတယ်။ကျွန်မဘေးနားမှာ Honeyရှိမနေခဲ့ဘူး။

ဟုတ်သားပဲ......ဒီနေ့ကျွန်မရဲ့ဘေးနားမှာ Honeyမရှိပေးနိုင်ဘူးလေ။သူမအလုပ်တွေများနေခဲ့တာ။သူမရဲ့အလုပ်ကိစ္စတွေကြောင့် ဒီညကိုကျွန်မတစ်ယောက်ထဲဖြတ်သန်းရတော့မှာလေ။

ကျွန်မရဲ့အိပ်စက်ခြင်းတွေက Honeyမရှိရင်ခက်ခဲသွားတတ်တာ။ကျွန်မက Honeyဖက်ပေးထားတဲ့ရင်ခွင်ထဲမှာနစ်မြုပ်နေအောင်ခိုဝင်ရမှအိပ်ပျော်တတ်တာ။Honeyသိပ်ပေးမှအိပ်ပျော်တတ်တဲ့သူလေ။

သူ ဒီည အိမ်ပြန်မလာဘူးတဲ့။ကျွန်မတစ်ယောက်ထဲအထီးကျန်ရတော့မှာပါလားဆိုပြီး မျက်ရည်ကျမိတယ်။

သူမကတော့စာပို့ပြီးပြောရှာပါတယ်။"Honeyဖက်ပေးထားတယ်။အိပ်တော့နော် ကလေး"တဲ့။ဒါပေမယ့် လေလှိုင်းထဲကစကားလုံးတွေပဲလေ။အမြဲတမ်းHoneyတစ်ကိုယ်လုံးကိုသိမ်းကြုံးပွေ့ဖက်ပြီးချွဲပျစ်ရင်းအိပ်ပျော်သွားတတ်တဲ့ကျွန်မအတွက် Honeyကျွန်မနဲ့အတူတူအိပ်စက်ဖို့အလိုရှိနေမိတယ်။
ကျွန်မဘေးနားမှာသူအချိန်ပြည့်ရှိနေမှကျွန်မပျော်ရွှင်ငြိမ်းချမ်းရတာ။

Honeyကိုလက်ထပ်ပြီးတဲ့နောက်ပိုင်းHoneyနဲ့ခွဲပြီးမနေတတ်တော့ဘူး။သူမနဲ့စတင်တွေ့ဆုံခဲ့တာ လေလှိုင်းထဲမှာအပြန်အလှန်စာပို့ကြရင်းနဲ့ပါပဲ။

တစ်ခုသောနေ့ရက်မှာ သူမကချစ်တယ်ပြောလာခဲ့တယ်။ကျွန်မလက်ခံလိုက်မိတယ်လေ။သူမကိုပိုင်ဆိုင်ရဖို့အခက်အခဲတွေအများကြီးကို ကျွန်မရင်ဆိုင်ခဲ့ရတာ။နောက်ဆုံးတော့ Honeyကကျွန်မကိုလက်ထပ်ချင်ပါတယ်လို့ပြောလာခဲ့တယ်။ကျွန်မပျော်ရွှင်ခဲ့ရတာ ပြောစရာစကားလုံးတောင်မရှိနိုင်အောင်ပါပဲ။

လက်ထပ်ပြီးတဲ့နောက်ပိုင်း သူမကိုအနီးကပ်ဆုံးထိတွေ့ခွင့်ရခဲ့တယ်။ဘယ်အချိန်မဆိုကျွန်မဘေးနားမှာပဲရှိနေတတ်တဲ့သူမကြောင့် ကျွန်မရဲ့အကျင့်တွေပျက်လာတယ်။Honey အနားမှာမရှိရင်ရူးတော့မလိုခံစားရတယ်။

To My GirlfriendWhere stories live. Discover now