Judas🌧️

84 6 0
                                    

Judas

ဒီနေ့ကျွန်မ သစ္စာဖောက်ခံရတယ်.....။

မဟုတ်သေးဘူး......နေ့ရက်တိုင်းမှာ သစ္စာဖောက်ခံရတယ်....နှစ်နှစ်တိတိပေါ့။

ကျွန်မရဲ့ဘဝမှာ မဟုတ်တာမလုပ်ဖူးဘူး။မှန်သောသစ္စာစကားကိုဆိုရရင် ကျွန်မသူနဲ့ မတွေ့ခင်အချိန်အထိ ရည်းစားမထားခဲ့ဖူးဘူး။

သူက ကျွန်မနဲ့ပတ်သက်သမျှအရာရာရဲ့ ပထမဆုံးနဲ့နောက်ဆုံးသူဖြစ်တယ်။

ဒါပေမယ့်.....သူကတော့ ကျွန်မကို ငရဲအထပ်ထပ်ရဲ့ နောက်ဆုံးက လူသားတစ်ယောက်အဖြစ်ထားခဲ့ပါတယ်။

ကျွန်မမှာ မကောင်းမှုတွေ.....ဆိုးဝါးတာတွေလုံးဝမရှိခဲ့ပါဘူးလို့ သစ္စာပြုဝံ့တယ်။

ကျွန်မတို့နှစ်ယောက်ရဲ့ဖြစ်စဉ်မှာ ကျွန်မဘက်က မမှားခဲ့တဲ့အတွက် ကျွန်မကိုယ့်လိပ်ပြာကိုယ်လုံတယ်။

ပထမဆုံး သူကျွန်မကို စတင် ချစ်ကြိုက်စကားဆိုကတည်းက သူလိမ်ညာခဲ့တာမို့ ကျွန်မ မမှားခဲ့တဲ့အတွက် ကျွန်မလိပ်ပြာလုံတယ်။

သူက ကျွန်မကိုလိမ်ပြီး ချစ်ကြိုက်ခဲ့တယ်။ကျွန်မသူ့ကို ပြန်ချစ်ပြီးတဲ့နောက်မှ သူ့ရဲ့ အရှုပ်ထုတ်တွေပေါ်လာတယ်။ကျွန်မသူ့ကို ချက်ချင်း Blockလိုက်တယ်။

သူတစ်ခြား Accတွေနဲ့ထပ်ပတ်သက်ပြီး ကျွန်မကိုလိမ်ညာချစ်ကြိုက်ခဲ့ပြန်တယ်။သူ့ရဲ့အရာအားလုံးဖြတ်ခဲ့ပြီး ‌"ကိုယ့်မှာ မင်းလေးတစ်ယောက်ထဲရှိတာပါ"ဆိုတဲ့စကားနဲ့ လိမ်ညာပြီး ကျွန်မကို အရယူခဲ့တယ်။

အဲ့ဒီအရာရာနဲ့ပတ်သက်ပြီး ကျွန်မ သူ့ကိုချစ်လွန်းလို့လက်ခံပေးခဲ့တယ်။သူကို တကယ်ကောင်းမွန်သွားပြီ....ပြုပြင်လိုက်ပြီလို့ ကျွန်မယုံပေးခဲ့တယ်။

အခု သူ မဟုတ်တာတွေထပ်လုပ်ပြန်တယ်။ဆိုးဆိုးဝါးဝါးပဲပေါ့.....ထပ်ပြီး ရှုပ်တယ်။

ကျွန်မ သူ့ကိုပြောခဲ့တယ်။စိတ်ကြိုက်ပျော်လို့ရတယ်။

To My GirlfriendWhere stories live. Discover now