Coincidence🤍

316 6 0
                                    

Coincidence

တိုက်ဆိုင်တူညီခြင်းတွေက ကမ္ဘာကြီးရဲ့နေရာအနှံ့အပြားမှာဖြစ်နေကျပါပဲ။လူတိုင်းလည်းသိတယ်။လက်ခံထားကြတယ်။တစ်နေရာရာမှာတော့ တိုက်ဆိုင်တူညီခြင်းတွေဟာရှိနေတတ်တာပဲမဟုတ်လား။အဲ့ဒီဖြစ်စဥ်တွေဟာ မထူးဆန်းခဲ့ပါဘူး။ဒီစကြာဝဠာကြီးထဲမှာ တစ်ခုမဟုတ်တစ်ခုကတော့ တစ်နေရာရာမှာတိုက်ဆိုင်တူညီနေမှာပါပဲ။

ပျော်ရွှင်စရာတိုက်ဆိုင်တူညီခြင်းတွေရှိတယ်။ကြေကွဲစရာတိုက်ဆိုင်တူညီခြင်းတွေရှိတယ်။စိတ်လှုပ်ရှားဖွယ်တိုက်ဆိုင်တူညီမှုတွေရှိတယ်။တိုက်ဆိုင်တူညီမှုတွေက ပုံစံအမျိုးမျိုးနဲ့ရှိနေတတ်တာ။တစ်ခါတစ်လေ ခေါင်းစဉ်တပ်လို့မရတဲ့ တိုက်ဆိုင်တူညီမှုတွေပါရှိနေတတ်တာလေ။

အခုရှာဖွေတွေ့ရှိလိုက်တဲ့တိုက်ဆိုင်တူညီမှုလေးက နာမည်တပ်လို့မရတဲ့ခံစားချက်အမျိုးမျိုးနဲ့တိုက်ဆိုင်တူညီနေခဲ့တာ။

တစ်ချို့သော တိုက်ဆိုင်တူညီခြင်းတွေက မြတ်နိုးဖွယ်ကောင်းလွန်းတယ်။အဲ့ဒီအရာကို မြင်တွေ့လိုက်ရတဲ့အချိန်မှာ နှလုံးသားရဲ့ပြီးပြည့်စုံခြင်းကိုရှာဖွေတွေ့ရှိသွားသလို ခံစားရတယ်။

အရာရာက ပြီးပြည့်စုံပြီး နူးညံ့လွန်းတယ်။ရင်ခုန်ဖွယ်အတိပြီးနေခဲ့တယ်။

ကလေးဘဝထဲက အကြိမ်ကြိမ်တွေးတောခဲ့တဲ့အကြောင်းအရာတစ်ခုကို ကျွန်မအတွက်တန်ဖိုးကြီးလွန်းတဲ့ပုဂ္ဂိုလ်လေးတစ်ဦးဆီမှာရှာဖွေတွေ့ရှိခဲ့တယ်။အဲ့ဒါက အံ့ဖွယ်ပါလားဆိုပြီး အာမေဋိတ်ပြုမိတဲ့အထိ ထူးခြားစွာတိုက်ဆိုင်တူညီနေခဲ့တာ။မပြောပဲမနေနိုင်လောက်အောင် ကျွန်မကိုအံ့အားသင့်စေခဲ့တာ။

ကျွန်မအတွက်အမျိုးအမည်ဖော်လို့မရတဲ့ခံစားချက်တွေအများကြီးနဲ့မြင်တွေ့ခဲ့ရတဲ့တိုက်ဆိုင်တူညီခြင်းလေးက ကျွန်မရဲ့ခံစားချက်တွေကိုဂန္ဓဝင်မြောက်စေခဲ့တယ်။

ကိုယ့်အတွက်တန်ဖိုးကြီးတဲ့တစ်ယောက်ယောက်ဆီမှာ ကိုယ့်နှလုံးသားထဲကခံစားချက်ကိုရှာဖွေတွေ့ရှိတဲ့အခါ အဲ့ဒီအရာကဂန္ဓဝင်မြောက်ခံစားချက်တစ်ခုအဖြစ်မှတ်မှတ်ထင်ထင်‌ဖြစ်စေခဲ့တယ်။

ကျွန်မဆီမှာနည်းနည်းထူးဆန်း‌တဲ့အတွေးတွေရှိတတ်တယ်။တစ်ချို့အတွေးတွေဆိုလက်မခံနိုင်လောက်တဲ့အထိကို ထူးထူးဆန်းဆန်းတွေတွေးတတ်လွန်းလို့ ဘယ်သူ့ကိုမှမပြောနိုင်ခဲ့တဲ့အထိဖြစ်ခဲ့တာမျိုးပါ။အဲ့ဒီလိုအကြောင်းအရာတွေ ကျွန်မဘဝမှာအများကြီးရှိခဲ့တယ်။

အခုအတွေးလေးကလည်းထူးဆန်းတာမို့လို့ ဒီကမ္ဘာပေါ်မှာ ကျွန်မတစ်ယောက်ထဲရှိလိမ့်မယ်ဆိုပြီးတွေးထားမိခဲ့တာ။ကျွန်မရဲ့အတွေးလေးအထီးကျန်နေခဲ့တာ ကာလတစ်ချို့ကြာခဲ့တယ်ဆိုပါတော့။

ဒါပေမယ့် ကျွန်မပုံဖော်စိတ်ကူးကြည့်ဖူးတဲ့အရာကိုတစ်ယောက်ယောက်ဆီမှာရှာတွေ့လိုက်တယ်။အဲ့ဒီတစ်စုံ‌တစ်ယောက်ကလည်း ကျွန်မအတွက်အရေးပါတဲ့သူဖြစ်နေခဲ့တယ်။

အဲ့ဒါက ကျွန်မရဲ့အတွေးလေးကိုအထီးကျန်ခြင်းတွေဆီက ကယ်တင်ပေးနိုင်ခဲ့တယ်။အဲ့ဒီအခိုက်အတန့်ကို မြတ်နိုးလိုက်တာ။

ရှင့်ကိုကျွန်မ မြတ်မြတ်နိုးနိုး‌နဲ့တန်ဖိုးထားပြီးချစ်တယ်သိရဲ့လား။

Avery Yint Han

To My GirlfriendWhere stories live. Discover now