Piano

78 4 0
                                    

Piano

"ကိုယ့်ပေါင်ပေါ်လာထိုင်ပါဦး ကလေးရဲ့"

ကျွန်မကိုဆွဲယူပွေ့ဖက်လိုက်တဲ့Honeyရဲ့ရင်ခွင်ထဲကိုကျွန်မကိုယ်လေးပြုတ်ကျသွားတယ်။သူမကကျွန်မကိုအနမ်းတွေခြွေနေလေရဲ့။

"အာ.....ရှင်ကြီးဘာတွေဖြစ်....."

"ကိုယ့်မိန်းမကိုသိပ်ချစ်လို့ပါကွာ"

"ကလေးလည်းရှင်ကြီးကိုသိပ်ချစ်တာပေါ့"

အဲ့လိုပြောမိတော့နှစ်ဦးသားကြည်ကြည်နူးနူးရယ်မောမိကြတယ်။ကျွန်မတို့အခုရှိနေခဲ့တာ သူတီးနေကျစန္ဒယားကြီးနဲ့လေ။သူမက ကျွန်မနားကိုကပ်ပြီးတိုးတိုးလေးပြောတယ်။"ကိုယ့်ကလေးလေးကို Pianoတီးပြမယ်"တဲ့။ချက်ချင်းခေါင်းညိတ်ပြမိတာပေါ့။သူတီးခတ်တဲ့သံစဉ်တွေကိုကျွန်မသိပ်မြတ်နိုးတယ်လေ။

သူမကိုဖက်ထားရင်း ကျွန်မတို့နှစ်ဦးသားချစ်သူဘဝတုန်းက သူကျွန်မကိုစန္ဒယားတီးပြတဲ့နေ့တစ်နေ့ကိုတောင်ပြန်သတိရလာမိတယ်။အဲ့ဒီနေ့ညနေက ကျွန်မကိုဖုန်းခေါ်ထားရင်း စန္ဒယားတီးပြနေခဲ့တာ။ညနေခင်းလေးက ပိုပြီးပြီးပြည့်စုံသွားခဲ့တာပေါ့။

အဲ့ဒီနေ့က......ဖုန်းလည်းခေါ်ထားတယ်။နှစ်ဦးသား စာရိုက်ပြီးလည်းစကားပြောကြသေးတယ်။Pianoတီးပြလိုက်၊ရပ်ထားပြီး စာတွေရိုက် .....စကားများလိုက်နဲ့ ကျွန်မတို့နှစ်ယောက်အလုပ်ရှုပ်နေခဲ့တာပေါ့။

အခုတော့ အဲ့ဒီကောင်မလေးကကျွန်မကိုသူ့ရဲ့မိန်းမအဖြစ်သိမ်းပိုက်ထားခဲ့ပြီလေ။သူမရဲ့အမျိုးသမီးလေးအဖြစ်သူမရင်ခွင်ကိုမှီတွယ်ရင်းသူမတီးခတ်နေတဲ့သံစဉ်လေးတွေကိုမက်မောစွာနားဆင်ရတဲ့အခိုက်အတန့်ဟာ ကျွန်မအတွက်စကြာဝဠာကြီးက ပေးအပ်လာတဲ့ကံကောင်းခြင်းတစ်ခုပါပဲ။

သိပ်ချစ်တယ်Honey......။
ထာဝရအတူတူရှိကြရအောင်နော်.......။

(ကျွန်မကိုစန္ဒယားတီးပြနေတဲ့Honeyကြီးအတွက်.....)
------------------------------------

Avery Yint Han

To My GirlfriendWhere stories live. Discover now