Waiting🤍

66 4 0
                                    

Waiting

လွမ်းတယ်.....!!

အဲ့လိုပြောလိုက်တော့ ကျွန်မရဲ့ကောင်မလေးကကျွန်မကိုကြည့်ရင်းရယ်မောလေရဲ့။

ပြီးတော့ကျွန်မအရမ်းမြတ်နိုးတဲ့အရှိန်အဝါတစ်ခုလွှမ်းခြုံထားတဲ့အသံနဲ့ကျွန်မကိုစကားဆိုတယ်။"ကိုယ့်ကလေးလေးအခုရှိနေတာ ကိုယ့်ရင်ခွင်ထဲမှာနော်။လွမ်းစရာလိုသေးသလား" တဲ့။

ရှင့်ကိုဘယ်လောက်ပဲထိတွေ့ပိုင်ဆိုင်ခွင့်ရနေပါစေ ကျွန်မအတွက်မလုံလောက်နိုင်တာရှင်မှမသိပဲ ကောင်မလေးရယ်။အဲ့ဒီစကားလေးကိုခပ်သဲ့သဲ့ဆိုရင်း ကျွန်မကို'ကလေးလေး' လို့တဖွဖွခေါ်ပြီးကြင်နာပေးနေတဲ့ အဲ့ဒီကောင်မလေးရဲ့ရင်ခွင်ကိုမျက်နှာအပ်ထားမိတယ်။

အဲ့ဒီကောင်‌မလေးရဲ့ရင်ဘတ်ကအင်္ကျီစကိုလက်တစ်ဖက်နဲ့တင်းတင်းဆုပ်ကိုင်ရင်း သူမကိုလွတ်ထွက်သွားမှာစိုးရိမ်စိတ်နဲ့ ကျန်တဲ့လက်တစ်ဖက်က သူမကိုပွေ့ဖက်ထားမိတယ်။

ကျွန်မကိုအရိပ်တကြည့်ကြည့်နဲ့အလိုက်သိတတ်လွန်းတဲ့ကျွန်မရဲ့ကောင်မလေးက ကျွန်မရဲအခြေအနေကိုနားလည်နိုင်လွန်းစွာစကားဆိုတယ်။

'ကိုယ်ရှိ‌တယ်နော်ကလေး။မင်းလေးအနားက ‌ပျောက်မသွားပါဘူး'လို့ကြင်ကြင်နာနာလေးနှစ်သိမ့်နေလေရဲ့။

အလုပ်အရမ်းများတတ်တဲ့သူမလေးက ဒီတစ်ခေါက်အားလပ်ရက်မှာကျွန်မကိုရင်ခွင်ထဲထည့်ထားပြီးဂရုစိုက်ပေးနေတာ တန်ဖိုးကြီးလွန်းလိုက်တာကွယ်။နတ်မိမယ်တွေပေးအပ်လာတဲ့လက်ဆောင်တစ်ခုလိုခံစားရတဲ့အထိတန်ဖိုးကြီးလွန်းတယ်။

သူမကလည်းကတိပေးရှာပါတယ်။"ကိုယ့်ကလေးအနားမှာအမြဲရှိနေရင်းအလုပ်လုပ်လို့ရမယ့်အခြေအနေတစ်ခုအထိရောက်အောင်ကိုယ်ကြိုးစားနေပါတယ်" တဲ့။

ဒါပေမယ့် အခုလောလောဆယ်မှာ ရှင့်ကိုတမ်းတတယ်........ရှင့်ကိုမွတ်သိပ်နေမိတယ်......ရှင့်ကိုအရမ်းလွမ်းတယ်......။

ဘာဖြစ်လို့လဲဆိုတော့ အခုလောလောဆယ်ရဲ့မနက်ဖြန်တွေရောက်လာဦးမှာလေ။ရှင်ကတိ‌ ပေးထားတဲ့အတူတူရှိမယ့်မနက်ဖြန်ဆိုတာရောက်ဖို့အချိန်အတိုင်းအတာတစ်ခုစောင့်ဖို့လိုသေးတယ်မဟုတ်လား။

အလုပ်တွေများလွန်းတဲ့ရှင့်ရဲ့မနက်ဖြန်တွေထဲမှာနေထိုင်ရှင်သန်ရင်း ကျွန်မရှင့်ကိုလွမ်းရဦးမယ်.....။

ရှင့်ရဲ့အလုပ်တွေပြီးလို့ညနေအိမ်ပြန်လာတဲ့အခါ အပြေးဆီးကြိုရင်း ရှင့်ကိုလွမ်းကြောင်းမျက်ရည်လေးတွေနဲ့ပြောပြရဦးမယ်....။

အဲ့လို‌အလွမ်းကြမ်းကြမ်းတွေပိုင်ဆိုင်ထားရတဲ့ကျွန်မရဲ့နေ့ရက်တိုင်းကို ညအိပ်ရာဝင်တဲ့အခါချော့သိပ်တတ်တဲ့ ရှင့်ရဲ့အကြင်နာတွေနဲ့ကုစားရဦးမယ်.....။

ရှင့်ကိုလွတ်ထွက်သွားမှာကြောက်တဲ့စိတ်နဲ့တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားရင်း ရှင့်ရဲ့ကလေးလေး ရှင့်ကိုတမ်းတမွတ်သိပ်ပြီးရက်ရက်စက်စက်လွမ်းရဦးမယ်.......။

အဲ့ဒီလိုနဲ့ပဲ သူပြန်လာမယ့်အချိန်ကို စောင့်ဆိုင်းရင်း.......။

Avery Yint Han

To My GirlfriendWhere stories live. Discover now