Encounter

48 6 0
                                    

Encounter

ကျွန်မတို့နှစ်ဦးသားရဲ့အထိမ်းအမှတ်နေ့လေးက ‌နောက်လဆိုရောက်လာတော့မှာပါလား။ကျွန်မတို့ အတူတူရှိခဲ့ကြတာ တော်တော်ကြာပြီပဲ။

နှစ်တွေအကြာကြီး နှစ်ဦးသားအတူတကွရှိပေးရင်းချစ်မြတ်နိုးပေးခဲ့ကြပြီးပြီနော်။နောက်ထပ်....နောက်ထပ်နှစ်တွေကိုလည်း ချစ်ခြင်းတွေနဲ့အတူတူဖြတ်သန်းဖို့ကြိုးစားကြမယ်။

ကျွန်မရဲ့ဟန်နီကြီးနဲ့ စတင်တွေ့ဆုံခဲ့တဲ့ရက်ကို ကျွန်မတို့နှစ်ဦးသားရဲ့အထိမ်းအမှတ်နေ့အဖြစ် နှစ်ဦးသဘောတူသတ်မှတ်ခဲ့တာပါ။

စတင်တွေ့ဆုံတဲ့နေ့ရက်ကလေးကလည်း ထူးခြားတဲ့ဖြစ်စဉ်တစ်ချို့ဖြစ်ခဲ့တာလေ။သူကျွန်မဆီစတင်ရောက်ရှိလာတဲ့အဲ့ဒီနေ့ရက်က‌တည်းက ကျွန်မရဲ့ကမ္ဘာကြီးကိုကယ်တင်ခဲ့တာ အဲ့ဒီကောင်မလေးပါပဲ။ကျွန်မရဲ့ကမ္ဘာကြီးကို အန္တရာယ်ကင်းစေခဲ့တာ ကျွန်မအပိုင်အမျိုးသမီးလေးဖြစ်တဲ့ ဟန်နီလေ။

အဲ့ဒါ‌ကြောင့်စတင်တွေ့ဆုံတဲ့၉ရက်နေ့ကို ကျွန်မတို့ရဲ့အထိမ်းအမှတ်နေ့အဖြစ်သတ်မှတ်ခဲ့ကြတယ်။ဟန်နီကြီးနဲ့၉ရက်နေ့မှာစတွေ့ခဲ့တယ်ဆိုပေမယ့် တကယ်တမ်းသူကျွန်မကိုချစ်ရေးဆို‌ခဲ့တာ ၁၄ရက်နေ့မှာပါ။

ဆိုတော့.....လတစ်ခုရဲ့၁၄ရက်နေ့ရောက်တိုင်းမှာ ကျွန်မစဉ်းစားမိတယ်။ကျွန်မက ဘယ်သူနဲ့မှမတူဘူးလေ။ဘယ်လိုအချိန်မျိုးမှာမဆို သူမနဲ့ပတ်သက်သမျှလေးတွေကို အဖြစ်သည်းနေတတ်တာမလား။

ဘယ်အချိန်မဆို....ဘယ်နေရာမဆို....ဘယ်လိုဖြစ်စဉ်မဆို.....သူမနဲ့ပတ်သက်မှုနည်းနည်းလေးရှိရင်တောင် ကျွန်မ တယုတယသိမ်းဆည်းမြတ်နိုးတတ်တာ။

ပြီးတော့....ဒီနေ့.....ဟုတ်တယ်.....လွန်ခဲ့သောနှစ်တစ်ချို့က ဒီနေ့လိုမျိုးအချိန်မှာပေါ့.....သူမဆီက အချစ်နဲ့ဂရုစိုက်ခြင်းတွေကို ပျော်ရွှင်ခြင်းတွေနဲ့အတူလက်ခံရရှိခဲ့တယ်။

တကယ်တမ်းပြောရမယ်ဆိုရင် အဲ့ဒီအချိန်တွေတုန်းက သူမသိပ်ဆိုးသွမ်းနေခဲ့တာပေါ့။သူမက ဘယ်အရာကိုမှအလေးမထားပဲ စိတ်ထင်တိုင်း ဆိုးသွမ်းသောင်းကျန်းနေခဲ့တာ။

ဒါပေမယ့်လေ....သူကျွန်မအတွက်တော့ အကောင်းဆုံးရှင်သန်ပေးခဲ့တယ်။

ဘယ်အရာကိုမှ ဂရုမစိုက်ပါဘူးလို့ မထီမဲ့မြင်စကားလုံးတွေထပ်ခါထပ်ခါပြောနေတတ်တဲ့သူမက ကျွန်မကိုတော့ တန်ဖိုးထားဂရုစိုက်ပေးခဲ့တယ်။

တစ်ယောက်ယောက်ကို တကူးတကအချိန်ပေးရမှာ ငါစိတ်မပါဘူးလို့မကြာခဏပြောတတ်တဲ့သူမက ကျွန်မအတွက် သူမရဲ့အချိန်တွေကို ရက်ရက်ရောရောပေးခဲ့တယ်။

ဖုန်းနဲ့စာရိုက်ရမှာ ငါသောက်ရမ်းပျင်းတယ်သိလား....ငါက ဘာလို့အဖက်လုပ်ပြီး စာရိုက်ရမှာလဲလို့ ပြောတတ်တဲ့သူမရဲ့လက်ကလေးတွေက ကျွန်မဆီကို တစ်နေကုန် မနားတမ်းစာတွေရိုက်ရင်း စကားပြောနေခဲ့တယ်။စာကြောင်း အရေအတွက်ရာထောင်ချီပြီးသူပို့ခဲ့တယ်။

ငါ့မှာ အလုပ်တွေအရမ်းများတယ်လို့ပြောရင်း တစ်နေကုန်ပျောက်နေတတ်တဲ့သူမက ပျောက်ဆုံးမသွားပဲညနက်နက်တွေအထိ ကျွန်မအနားမှာနေရင်း ဂရုစိုက်ပေးခဲ့တယ်။

သူမဆီက ဂရုစိုက်ခြင်းတွေကို ပထမဆုံးရဖူးတာ ၁၄ရက်နေ့လို့ပြောရမှာပေါ့။ကျွန်မအတွက် နှစ်တစ်ခုရဲ့ဒီနေ့ရောက်တိုင်း ကျွန်မနှလုံးသားလေးနွေးထွေးလာတယ်။

သူမရဲ့လက်နှစ်ဖက်နဲ့ ပွေ့ပိုက်ပေးထားခဲ့တဲ့ကျွန်မရဲ့နှလုံးသားလေးက ကောင်းမွန်စွာရှင်သန်နေတယ်။ငြိမ်းချမ်းနေတယ်။ပျော်ရွှင်နေတယ်။ချစ်ခြင်းတွေနဲ့ပြည့်နှက်နေတယ်။

ကျွန်မအတွက် ၁၄ရက်နေ့ဆိုတဲ့အရာလေးက Honeyကျွန်မကိုချစ်ရေးဆိုတဲ့နေ့...သူ့မိန်းမအဖြစ်ကျွန်မကိုလက်ထပ်သိမ်းပိုက်တဲ့နေ့...ဘယ်သူ့ကိုမှမပေးဖူးခဲ့တဲ့ သီးသန့်ဖြစ်တည်နေတဲ့ချစ်ခြင်းတရားတွေကို လက်ဆောင်ပေးခဲ့တဲ့နေ့ရက်ကလေးပါ။

ကျွန်မသေချာတန်ဖိုးထားပါ့မယ် Honey.....။

သိပ်ချစ်တယ်‌Honeyရယ်။

Avery Yint Han
(Feb,14,2024)
(9:58AM)

To My GirlfriendWhere stories live. Discover now