Poem🤍

530 11 0
                                    

Poem

ဒီကောင်မလေး‌ကြောင့်မနက်ဖြန်တိုင်းဟာမျှော်လင့်ချက်တွေပြည့်နှက်လာတတ်သလို အဲ့ဒီကောင်မလေးကြောင့်ပဲမနက်ခင်းတိုင်းဟာပြီးပြည့်စုံစွာနိုးထခွင့်ရလာခဲ့တယ်။

ဒီကောင်မလေးကြောင့်ကျွန်မရဲ့အနာဂတ်ကိုဖန်တီးဖို့ဆန္ဒရှိလာခဲ့ရသလို အဲ့ဒီကောင်မလေးကြောင့်ပဲ နေ့ရက်တိုင်းမှာအသက်ရှင်သန်ဖို့ကျွန်မရွေးချယ်တတ်ခဲ့တယ်။

အဲ့ဒီကောင်မလေးက ကျွန်မကိုချစ်ခြင်းတွေ၊ကြင်နာမှုတွေ၊ပျော်ရွှင်ခြင်းတွေနဲ့ပြည့်နှက်နေတဲ့ကမ္ဘာကြီးတစ်ခုကိုလက်ဆောင်ပေးခဲ့တာကြီးကျယ်ခမ်းနားလွန်းပါရဲ့။

သူမကပြောတယ် "ကိုယ့်အတွက်မင်းလေးကအသက်ရှင်သန်ပေးနေဖို့ပဲလိုအပ်တာပါ။ကိုယ့်အသက်ရှင်သန်နေသ၍မင်းလေးလည်းအသက်ရှင်သန်နေမယ်လို့ကတိပေးစမ်းပါ" တဲ့။

အဲ့ဒီကောင်မလေးအတွက်ဒီကမ္ဘာကြီးပေါ်မှာအသက်ရှင်သန်ပေးနေရခြင်းက ကျွန်မအတွက်သိပ်ချိုမြိန်တဲ့ဂန္ဓဝင်ကဗျာတစ်ပုဒ်ကိုရေးစပ်နေရသလိုခံစားရတယ်လို့ဆိုမိရင်......။

Avery Yint Han

To My GirlfriendDonde viven las historias. Descúbrelo ahora