Dreamland

68 8 0
                                    

Dreamland

"ကလေးငယ်......"

ကျွန်မကိုပွေ့ဖက်လာတဲ့ နူးညံ့တဲ့လက်တစ်စုံကြောင့် ကျွန်မရဲ့နှလုံးသားလေးလှပ်ခနဲဖြစ်သွားတယ်။

ကျွန်မကိုသိုင်းဖက်လာတဲ့လက်ကလေးတစ်စုံကိုပြန်လည်ထိတွေ့ကြည့်လိုက်ရင်း သူမကိုမော့ကြည့်မိတယ်။

"ဟန်နီကြီး..."

"ဗျာ.....ကိုယ့်ကလေးလေး ဘာလုပ်နေတာလဲဟင်"

"စာရေးနေတာ ဟန်နီ"

"တော်ပြီ....မရေးနဲ့တော့ ကလေးရယ်။ကိုယ့်အနားလာနေစမ်းပါဦး"

သူမက ကျွန်မရဲ့ကိုယ်လေးကိုပွေ့ယူခေါ်ဆောင်သွားလေရဲ့။ဟန်နီ ခေါ်သွားတဲ့နေရာက ကျွန်မတို့နှစ်ဦးသားရဲ့သီးသန့်ကမ္ဘာလေးကိုပေါ့။

"နေကြာတွေတောင် ပွင့်နေပြီပဲ"

"ဒါပေါ့ ကလေး"

"သူတို့က အညိုရောင်‌တွေ....."

"ကိုယ့်ရဲ့ချစ်ခြင်းတွေနဲ့မင်းမုန်းတဲ့အဝါရောင်ကိုဖယ်ရှားပေးထားတာ‌"

"ကလေး သိတာပေါ့ ဟန်နီ။ကျွန်မအတွက် ဘာမဆို ရှင်လုပ်မယ်ဆိုတာ သေချာသိတာပေါ့ကွယ်"

"ကိုယ်မင်းကိုသိပ်ချစ်တယ်ကလေး"

"ကျွန်မလည်း အတူတူချစ်ရပါတယ် ဟန်နီ"

ကျွန်မရဲ့စကားလုံးတွေမှာ ငိုသံစွက်လာတာကိုသတိထားမိသွားတယ်ထင်ပါရဲ့။ကျွန်မကိုဖက်ထားတဲ့သူ့ရဲ့လက်တွေပိုမိုတင်းကျပ်သွားခဲ့ပြီး စိုးရိမ်တကြီးစကားဆိုတယ်။

"မငိုလိုက်နဲ့နော် ကလေး။မင်းငိုတာ မကြိုက်ဘူးဆိုတာသိတယ်မလား"

ဘာစကားမှမပြောမိပဲ တိတ်ဆိတ်နေခဲ့တဲ့ကျွန်မကိုသူထပ်ပြီးခေါ်တယ်။

"ကလေး....."

ဟန်နီ့ရဲ့ခေါ်သံကိုထပ်ကြားလိုက်ရတော့ကျွန်မ သတိပြန်ဝင်လာခဲ့တယ်။

To My GirlfriendWhere stories live. Discover now