Part 1

10.6K 458 34
                                    

<Unicode>
အလယ်တန်း နောက်ဆံုးနှစ်ရဲ့ first semester ပြီးလို့ နွေရာသီကျောင်းပိတ်ရက်ကို ရောက်နေပြီဖြစ်သည်။

ရာသီဥတုက ပူအိုက်အိုက်နဲ့ ခြံထဲမှာရှိနေသည့် သစ်ရွက်ကြွေတွေကြောင့် သူ့မျက်မှောင်တွေ ကုပ်မိသွားသည်။

ကျောင်းပိတ်ရက်မှာ သူများတွေလို စာကြည့်တိုက်သွားတာ၊ သူငယ်ချင်းနဲ့ လျှောက်လည်တာတွေ သူ မလုပ်ချင်။

မိဘတွေနဲ့ အတူပျော်ပွဲစားကတော့ မဖြစ်နိုင်ဆုံး အရာဖြစ်သည်။

ထို့ကြောင့် ခြံဝန်းအကျယ်ကြီးထဲက စားပွဲမှာပဲထိုင်ကာ စာအုပ်ဖတ်နေရ၏။ နေအပူက အနည်းငယ်တော့ ပျင်းလွန်းသည်။

ထို့ကြောင့် စိတ်ပျက်စွာ စုတ်တစ်ချက်သတ်မိတော့ သူ့အနားကို ပြေးလာကြသည့် ဂျယ်ဆောင်းနဲ့ ဂျူဝန်...

ဂျယ်ဆောင်းနဲ့ ဂျူဝန်က သူရဲ့ ငယ်သူငယ်ချင်းတွေဖြစ်သည်။ မိဘအသိုင်းအဝိုင်းက ကြီးပြီး သူ့အနား တစ်ချိန်လုံး ရှိမနေပေးနိုင်သည်မို့ အဖေ့ဝန်ထမ်းတွေရဲ့ သားတွေနဲ့သာ အဖော်လုပ်ရသည်။

ဂျယ်ဆောင်းက သူ့အဖေ အတွင်းရေးမှူးရဲ့ သားဖြစ်ပြီး ဂျူဝန်ကတော့ မန်နေဂျာချုပ်ရဲ့သားဖြစ်သည်။

"Taehyung ဘယ်သွားချင်လို့လဲ"

ဂျယ်ဆောင်းက ဘေးကနေ မေးနေသော်လည်း သူကတော့ စာအုပ်ဆီသာ အာရုံရောက်နေသည်။

နွေရဲ့ လေရူးက သိပ်ပြင်း၏။ သူတို့ ခြံဝန်းထဲမှာ လေရူးတွေ တိုက်ခတ်နေသည်မို့ အနည်းငယ် ညိုညက်ညက် သူ့အသားအရည်တွေအတွက် စိုးရိမ်စရာဖြစ်သည်။

"Taehyung ရာ... အိမ်ထဲ ဝင်ကြရအောင်။ မဟုတ်လည်း suncream‌ တော့ ‌လိမ်းထားဦးမှပေါ့။ မင်း အသားအရည်တွေ ပျက်စီးတော့မယ်"

ဂျူဝန်က ဘေးကနေ suncream ဘူးကြီးကိုင်ကာ ရပ်စောင့်နေရသည်။

Taehyung က သူတို့ သုံးယောက်ထဲမှာ အသက်အငယ်ဆုံးနဲ့ ဗိုလ်အကျဆုံး ဖြစ်သည်။

ငယ်ငယ်လေး ကတည်းက သူ့အလိုကို လူတိုင်း လိုက်ရသည်။ အလိုမလိုက်သည်က သူဌေးကင်မ်သာဖြစ်သည်။

Taehyung ရဲ့ အဖေတစ်ယောက်တည်းကသာ သူ့အလိုမလိုက်တဲ့ တစ်ဦးတည်းသောသူဖြစ်သည်။ မနက်ခင်း company ကို မသွားခင် ဒီတစ်နေ့လုံး အပြင်မထွက်ဖို့ ပြောသွားသည်မို့ အသံတိတ်ဆန္ဒပြကာ ခြံထဲ နေပူဆာလှုံ့နေခြင်း

Irregular Heartbeat [Completed]Where stories live. Discover now