Part 16

2.1K 309 141
                                    

သူဌေးလေးရဲ့ သတင်းကို ဒီနောက်ပိုင်း တစ်ခုလေးတောင် မကြားခဲ့ရတော့...

သူဌေးလေး ကျောင်းပြောင်းသွားသည်မို့ လူအများစုက ပျော်ကြသည်။ သူဌေးလေးရဲ့ နှိပ်စက်ခံရသည့် စက်ကွင်းမှ လွတ်သွားပြီမို့ တချို့တွေက အောင်ပွဲခံ ပါတီတွေတောင် လုပ်ကြသေးသည်။

ကျွန်တော်ကတော့ ပြန်စာမရသည့် သူဌေးလေးဆီကိုသာ နေ့ရက်တိုင်း စာတိုလေးတွေ ပို့နေခဲ့ရ၏။

ဒီလိုနဲ့ ဆောင်းကုန်သွားသည်။ နွေဦးဆီတစ်လှည့်ရောက်ပြီး နွေကိုရောက်သည်။

တစ်ဖန် ဆောင်းဦးကို ကျော်လို့ ဆောင်းရာသီဆီ ပြန်ရောက်သွား၏။

အခုဆို သူဌေးလေးတို့ ‌အထက်တန်း နောက်ဆုံးစာမေးပွဲတောင် ဖြေရတော့မည် ဖြစ်၏။

စာမေးပွဲ မဖြေနိုင်မှာကိုတော့ စိတ်ပူစရာ မလိုသော်လည်း သူဌေးလေးက ကျန်းမာရေးရော ဂရုစိုက်ပါ့မလား...

စာတွေပဲ ကြိုးစားနေဦးမလား။ အရင်လို မကောင်းတာတွေ လုပ်ပြီး သူများကို အနိုင်ကျင့်နေဦးမည်လား။

ဒါမှမဟုတ် အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်ထွားသည့် အနောက်တိုင်းသားတွေကြားမှာ မွန်းကြပ်နေမည်လား။

အစ်ကို ဂျယ်ဆောင်းတို့နှစ်ယောက်လည်း အတူပါသွားသည်မို့ အများကြီးတော့ မစိုးရိမ်ရသော်လည်း စိတ်ပူမိသေးသည်။

တစ်နှစ်တိတိ မတွေ့ခဲ့ရသည်မို့ ပိုလွမ်းသည်။ ထိုနေ့ကသာ အနမ်းတွေ မရှိခဲ့ရင် အခုချိန် သူဌေးလေးက ဘေးမှာ ရှိဦးမည်လား။

ဒါဟာ လူတွေ ပြောနေကြသည့် ကံကြမ္မာများ ဖြစ်ခဲ့လျှင် ဒီကံကြမ္မာဆိုးကို မလိုချင်။

သူဌေးလေးနဲ့ အလှမ်းဝေးနေရသော်လည်း သတင်းလေးများ ကြားရမည်လားဟု အမြဲတမ်း စောင့်မျှော်ခဲ့ရသည်။

ကံကောင်းလွန်းသည်က သူဌေးလေးတို့ တက္ကသိုလ်ဝင်ခွင့် အောင်ကြောင်း Royal High School ဘက်မှာ သတင်းတွေ ထွက်လာ၏။

သူဌေးလေးက အမှတ်ကောင်းလွန်းသည်မို့ စီးပွားရေး မေဂျာကို ရခဲ့သည်။ ကျွန်တော် မရှိသည့် တစ်ဘက်နိုင်ငံမှာလည်း အခုလို အဆင်ပြေနေသေးသည်မို့ တော်ပါသေးသည်။

Irregular Heartbeat [Completed]Where stories live. Discover now