Part 14

2.2K 279 76
                                    

နွေရာသီ ပိတ်ရက်လည်း ကုန်ဆုံးပြီ ဖြစ်သည်။

ပိတ်ရက်အတွင်း ကိစ္စတွေ အများကြီး ဖြစ်ပျက်သ‌ွားခဲ့သည်။ သူဌေးလေးအပေါ် ထားသည့် ကျွန်တော့် စိတ်ရင်း အမှန်ကို မသိနိုင်လောက်အောင် ရှုပ်ထွေးသွားခဲ့သည်။

ခံစားချက်တွေကို ဝေခွဲမရဘဲ သူဌေးလေးကို မြင်တိုင်း တဒိတ်ဒိတ်မြည်လာသည့် ရင်ခုန်သံတွေ...

ရှောင်ဖို့ ကြိုးစားလိုက်ပေမယ့် သူဌေးလေးကို မတွေ့ရရင် မနေနိုင်ခဲ့။ နေ့ရက်တိုင်း တွေ့နေရလျှင်တောင် လွမ်းဆွေးဆွေးနဲ့ သတိတရ ဖြစ်မိသေးသည်။

ဘွန်းဆော့ကို ဖွင့်ပြောပြဖို့ ကြိုးစားလိုက်ပေမယ့် ဒီရက်ထဲ အခွင့်အရေးလေးတောင် မရခဲ့။

ဘွန်းဆော့က ဆူဘင်းကို တရားဝင် လိုက်နေပုံ ရသည်။ တစ်ချိန်လုံး ဆူဘင်းအနား ပူးကပ်နေပြီး အချိန်ရရင် ရသလို ဆူဘင်းကို ဖွင့်ပြောတတ်သေးသည်။

ကျောင်းခန်းရဲ့ ပြတင်းပေါက်ကနေ လှမ်းကြည့်မိတော့ အစ်ကို ဂျယ်ဆောင်းတို့နဲ့ အတူ လမ်းလျှောက်နေသည့် သူဌေးလေး

မနက်က အတန်းမစမီ တွေ့ခဲ့ရသေးသော်လည်း လွမ်းလှသည်။ သူဌေးလေးကို လွမ်းလွန်းလို့ ရူးကုန်ရင် ဒုက္ခတော့ များရချည်ရဲ့...

အဝေးကြီးမှာ ရှိနေသော်လည်း ခပ်နီးနီးလေး ရှိနေသည်ဟု ထင်ရလောက်အောင် နွေးထွေးမှုတွေ ခံစားမိသည်။ ရင်ဘတ်ထဲက တဒိန်းဒိန်းနဲ့ ရင်ခုန်သံတွေလည်း မူမမှန်တော့...

ဒီအရွယ်ကို ရောက်လာသည်အထိ ဘယ်သူစိမ်းကိုမှ ရင်ခုန်ဖူးခဲ့တာမျိုး မရှိခဲ့...

၁၅ နှစ်အရွယ်ရဲ့ ပထမဆုံး ရင်ခုန်သံတွေ... မတင်မကျနဲ့မို့ သဘောကျကြောင်းကိုလည်း ဝင်မခံချင်။

သို့သော် စိတ်ခစားချက်တွေ သေချာသွားလျှင်တော့ သူဌေးလေးက စိတ်ဆိုးမည် ဆိုလျှင်တောင် ဝန်ခံချင်မိသည်။

ဒီလိုဆိုတော့လည်း သူဌေးလေးက စိတ်ဆိုးကာ အဝေးကြီး ရောက်သွားမည်ကိုလည်း စိုးရိမ်လှသည်။

ကျွန်တော့်ဘက်က သူငယ်ချင်းထက် ပိုသည့်၊ ညီအစ်ကိုသံယောဇဉ်ထက် ပိုသည့် မရိုးမသား ခံစားချက်တွေကိုသာ သိသွားလျှင် သူဌေးလေးရဲ့ တုန့်ပြန့်လာမည့် အမူအရာတွေကို သိချင်လာသည်။

Irregular Heartbeat [Completed]Where stories live. Discover now