Part 15

2.3K 308 77
                                    

တံတောင်ဆစ်မှ သွေးစတချို့ကို သူဌေးလေးက သုတ်ပေးနေသည်။ နှုတ်ခမ်းတွေကို အရှေ့သို့ ဆူထွက်လာစေပြီး လေမှုတ်ပေးနေသေး၏။

"ကိုကို့ကြောင့် မင်း နာကျင်ရတာ"

သူဌေးလေး မျက်နှာက ညှိုးကျသွားပြီး စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်သွားတော့သည်။

"မဟုတ်ပါဘူး ကျွန်တော်ကသာ ဒီလိုဖြစ်အောင် လုပ်တဲ့သူပါ။ သူဌေးလေး နာကျင်နေတာ မြင်နေရရင် စိတ်မချမ်းသာဘူးလေ... ပြီးတော့ ဒါက အသက်နဲ့ အဝေးကြီးမှာမို့ စိတ်မပူပါနဲ့"

"နောက် ဘယ်တော့မှ ကိုကို့အစား အနာမခံနဲ့"

ဒါဟာ အမိန့်တစ်ခုလား ကျွန်တော် မပြောတတ်... ခေါင်းညှိတ်လိုက်ကာ သူဌေးလေးကို  စိတ်ကျေနပ်စေလိုက်သည်။ လိုက်နာမှာတော့ မဟုတ်ဘူးရယ်

"သူဌေးလေး လာချင်တယ်ဆိုတာ ဟိုနေရာလား"

မလှမ်းမကမ်းမှာ မြင်နေရသည့် club ကို ‌မျက်စောင်းခဲကာ မေးလိုက်တော့ ရယ်ပြနေသည်။

"တစ်နာရီလောက်ပါပဲ အသေးလေးလည်း ပါလာတာမို့ ကိုကိုက ငြိမ်ငြိမ်လေးနေမှာ"

ဒီလူ့အပြုံးက လှသည်။ နှုတ်ခမ်းပါးတွေက လေးထောင့်သဏ္ဍာန်ကွေးသွားပြီး သွားတန်းဖြူဖြူတွေကလည်း ညီညီညာညာရယ်

ညလေ အေးတွေက ဆောင်းရာသီဖြစ်နေသည်မို့ အအေးဓာတ်ကို ပိုပေးသည်။ နှင်းစက် တချို့ကလည်း ထိုလူ့ ခေါင်းပေါ်မှာ တင်နေ၏။

လက်လှမ်းယူကာ ဖယ်ပေးတော့လည်း အသာတကြည် ငြိမ်ခံသည်။

"တစ်နာရီပဲ ပြီးတော့ မသောက်ရဘူး"

"ဟုတ်ကဲ့ အမိန့်တော် အတိုင်းပါ"

လက်နှစ်ဘက်ကို အနောက်ဘက် ပို့ကာ ခေါင်းငုံ့ရင်း အကျယ်ကြီး အော်ဖြေသည်။ ကျွန်တော့် ရယ်သံတွေက စကြဝဠာကိုတောင် ဖုံးသွားသလား ထင်ရသည်။

စက်ဘီးကို club အရှေ့ ထိုးရပ်ပြီး သူဌေးလေးနဲ့အတူ ဆိုင်ထဲ ဝင်လိုက်သည်။ မြင်နေကျအတိုင်း စိတ်ညစ်ဖွယ် မြင်ကွင်းတွေချည်းပါပဲ။

သောက်စားတယ်၊ ပျော်ပါးတယ်၊ မြင်မကောင်းတာတွေ လုပ်တယ်... ဒီလိုလူတွေကြားထဲ သူဌေးလေးကို မရှိနေစေချင်။

Irregular Heartbeat [Completed]Where stories live. Discover now