Part 19

2.3K 311 64
                                    

အရိုးပြာအိုးကို မှန်ဘောင်ထဲ ထည့်ထားပြီး ဘေးနားမှာ အလှပန်းအိုး သေးသေးလေးတွေလည်း ရှိသည်။

သူဌေးလေးက သူ့ အဖေနဲ့ အမေ့ကြားမှာ ပြုံးနေသည့် ကလေးဘဝတုန်းက ပုံလေးလည်း ရှိနေ၏။

သူဌေးလေး ဘွဲ့ဝတ်စုံနဲ့ ပုံတွေ၊ အထက်တန်းပြီးဆုံးကြောင်း အမှတ်တရပုံတွေကို တန်းစီပြီး ထည့်ထားပေးသည်။

ဒီအချိန်ကြီး ဒီနေရာကို လာလိမ့်မည်ဟုလည်း မထင်ထားခဲ့... လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ပထမဆုံးအကြိမ် သူဌေးလေးရဲ့ အမေနဲ့ တွေ့ခဲ့ဖူးသည်။

နောက်ဆုံးအကြိမ် ဖြစ်သွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အခုတော့ ဒုတိယအကြိမ်မြောက် ထပ်ဆုံရ၏။

သူဌေးလေးက အနီရဲရဲ နှင်းဆီတစ်ပွင့်ကို မှန်တံခါးအား ဖွင့်ပြီး ပြုံးရယ်နေသည့် အမျိုးသမီးရဲ့ ဓာတ်ပုံအရှေ့မှာ ထားပေးနေသည်။

"ဒီနေ့က အမေ့ နှစ်ပတ်လည်နေ့ပေါ့။ အဖေက အခုထိ မရောက်လာသေးဘူးလေ... နိုင်ငံအနှံ့မှာ စီးပွားရေး တိုးချဲ့ပြီး ကိုရီးယားက ဒီနေရာလေးကိုတော့ တစ်နှစ် တစ်ခါတောင် ပုံမှန် မလာခဲ့ဘူး"

သူဌေးလေးက ဓာတ်ပုံထဲမှ အမျိုးသမီးကို ကြည့်ကာ ပြောနေ၏။ တစ်ယောက်တည်းသာ ရေရွတ်နေသည်ကြောင့် ဒီအတိုင်း ဘေးမှာ မတ်တပ်ရပ်ကာ စောင့်နေပေးလိုက်သည်။

သူဌေးလေးက အမျိုးသမီးကင်မ်နဲ့ တူတာ မဟုတ်ဘဲ ဉက္ကဌကင်မ်နဲ့ တူသည်။ ဉက္ကဌကင်မ်မှာလည်း သူဌေးလေးလို ခန့်ညား‌မှုတွေ ရှိ၏။

သူဌေးလေးတို့ မိသားစုအရေးကို သေချာ မသိသော်လည်း ဇနီးဖြစ်သူ၏ နှစ်ပတ်လည်ကိုတောင် မလာတတ်သည့် ဉက္ကဌကင်မ်ကိုတော့ စိတ်ထဲ ဘဝင်မကျလှပါဘူး။

"ကိုကိုတို့ ပြန်ကြတော့မလား"

တစ်နာရီလောက် စကားတွေ အများကြီး ပြောပြီး ဒီနေရာကနေ ထွက်လာကြတော့သည်။

အပြန်လမ်းမှာ သူဌေးလေးက မြို့ထဲဘက် တစ်ခါတည်းမပြန်ဘဲ လမ်းခွဲတစ်ခုဆီကို ဝင်သွား၏။

သူဌေးလေး မျက်နှာက ဒီကို လာခဲ့စဉ်ကလို မဟုတ်ဘဲ ညှိုးငယ်နေလေသည်။ ကျွန်တော့်စိတ်ထဲ စို့နင့်မိရင်း ဘယ်လိုလုပ်ရမလဲ ဆိုတာလည်း မသိ...

Irregular Heartbeat [Completed]Where stories live. Discover now