Part 8

2.3K 336 72
                                    

ဒီရက်ထဲ‌ေတာ့ ကျောင်းတက်ချိန်တွေမှာ ပြတင်းပေါက်ဘက် အောက်ငုံ့ကြည့်လိုက်လည်း သူဌေးလေးကို ‌မတွေ့ရ။

အရိပ်အယောင် သေးသေးလေးတောင် မတွေ့သည်က ကျွန်တော့်ကို ကျေနပ်‌သွားစေတာမျိုး။

သူများကို အနိုင်ကျင့်တဲ့ သူဌေးလေးရဲ့ အမူအရာတွေက တဖြည်းဖြည်း ‌နည်းလာပြီ ဖြစ်သည်။

တစ်ခါတစ်လေတော့ နားထဲ သတင်းတချို့ ပြန်ကြားရတတ်သည်။ ဘုရင်ကင်မ်တော့ ဘယ်သူ့ကို ရိုက်လိုက်ပြန်ပြီ၊ ဘယ်သူ့ကို ပြောဆိုပစ်ပြန်သည် ပေါ့...

သို့သော် ကျွန်တော့် အမြင်ရှေ့မှာတော့ ဒါမျိုးတွေ ထပ်ဖြစ်မလာခဲ့... သူဌေးလေးက သေချာ နားလည်အောင် ပြောပြလျှင် သဘောပေါက်ကာ လိမ္မာသွားတတ်သည်။

ဒါက တစ်ရက်၊ နှစ်ရက်... အလွန်ဆုံး တစ်ပတ်ပေါ့။

တော်ဝင်အထက်တန်းကျောင်းမှာ ကျောင်းတက်ရသည်က တဖြည်းဖြည်းတော့ နေသားတကျ ဖြစ်လာ၏။ ဘွန်းဆော့နဲ့ ဆူဘင်းက ဘေးမှာ တစ်ချိန်လုံးရှိပေးပြီး သူငယ်ချင်း ဖြစ်ခဲ့သည်။

သူတို့ ထင်သည်က ကျွန်တော့်နားမှာဆို သူတို့ပါ လုံခြုံလိမ့်မည်။ ဘုရင်ကင်မ်နဲ့ ရင်းနှီးသည်က တစ်ပန်းသာသည်ဟု ပြောတတ်ကြသေးသည်။

"Jungkook... ကျောင်းသူ အသစ် ရောက်လာတာ မင်းသိပြီးပြီလား"

ဆူဘင်းက အသံဆာဆာနဲ့ ရွှင်မြူးမြူး ပြောနေသော်လည်း သိပ်ပြီး အာရုံစိုက်မိသည်ရယ်လို့ မဟုတ်

အာရုံတွေက ‌‌ကျောင်းဝန်းထဲက ချယ်ရီပင်ကြီးအောက်မှာ စာဖတ်နေသည့် သူဌေးလေးဆီမှာရယ်...

စာတွေကို သေချာလိုက်မလုပ်ဘဲ နှစ်ဝက်စာမေးပွဲမှာ အမှတ်နည်းလျှင် သူဌေးလေးကို မခေါ်ဘူးလို့ ပြောထားခဲ့သည်။

ဲဒါ့ကြောင့် အထူးအဆန်းဖြစ်ကာ စာအုပ်နဲ့ မျက်နှာ ကပ်နေခြင်း။ ဘေးက အစ်ကို ဂျူဝန်တို့က စာဖတ်နေသည့် သူဌေးလေးကို ကြိတ်ရယ်နေသည်။

"ဟေ့ကောင်! ငါပြောနေတာ ကြားလား။ ကျောင်းသူ အသစ်ရောက်တယ်လို့"

ဆူဘင်းက သူ့ဘက် အာရုံစိုက်ဖို့ ခပ်ကျယ်ကျယ်လှမ်းပြောသည်။

Irregular Heartbeat [Completed]Where stories live. Discover now