Part 5

2.3K 316 31
                                    

မနေ့က ဖြစ်ခဲ့သည့် ပြဿနာက ဒီနေ့မှ တကူးတကကြီး ကြီးလာတာဖြစ်သည်။

အဖေက မနေ့က ပြဿနာကို ဒီနေ့မှ သိခဲ့ခြင်း။ လမ်းလယ်ခေါင်မှာ လူတစ်ယောက်ကို ရိုက်နေသည့် ကျွန်တော့်ပုံတွေက ပြန့်နှံ့နေပြီ။

အဖေဟာ အိမ်ကို ဒေါသတကြီး ပြန်ရောက်လာပြီးမှ အခန်းတံခါး ပိတ်ထားခြင်း ဖြစ်သည်။

အခန်းထဲမှာ အဖေရယ်၊ ကျွန်တော်ရယ် နှစ်ယောက်တည်းသာ...

အခန်းထဲကို မဝင်မီ အဖေ့အသံ အေးစက်စက်နဲ့ ဒီအခန်းကို ဘယ်သူမှ ဝင်မလာဖို့ သတိပေးသံဟာ နားထဲစွဲကျန်နေဆဲ

"Kim Taehyung! ပြောစမ်း မင်း ဘာရည်ရွယ်ချက်နဲ့ ငါ့သိက္ခာကို ချပစ်ရဲတာလဲ။ ရှေ့လမှာ hotel အသစ်ဖွင့်ဖို့ လူတိုင်း ကြိုးစားနေချိန်မှ ရုတ်တရက် ထပြီး ပြဿနာရှာရဲတယ်။ မင်း ငါ့ကို မထီမဲ့မြင် လုပ်နေပြန်တာလား"

အဖေ့ အရှေ့မှ ကျွန်တော်က မတ်တပ်ရပ်လျက် ခေါင်းကို ငိုက်ကျထားရပြီး တောင့်တောင့်ကြီးသာ ရပ်နေမိသည်။

ဘာတစ်ခုမှ ပြန်မဖြေနိုင်ဘဲ မျက်ဝန်းတွေမှာ အရည်ကြည်တွေ လဲ့ကျနေ၏။

"မင်းမှာ နားမပါဘူးလား ငါပြောနေတာ မကြာဘူးလား"

မတ်မတ်ရပ်ထားသည့် ဒူးခေါင်းပေါ်ကို အဖေ့ရဲ့ သန်မာသည့် ခြေဖဝါးက ဆောင့်ကန်လာ၏။

တစ်ချက် ယိုင်ကျသွားပြီး ခြေထောက်တေ‌ွလည်း ခွေကျသွားရသည်။ လဲကျသွားသည့် ကျွန်တော့် ဘေးနား အဖေက ရောက်ချလာ၏။

ခေါင်းကို ဆွဲမပစ်ပြီး ဆံပင်တွေကို အထွေးလိုက် ကိုင်ဆွဲပစ်သည်။

"ဘာလဲ မင်းကို ခဏ လွှတ်‌ထားပေးလို့ ရောင့်တက်နေတာလား။ အဖေ့ကို မကြောက်ဘဲ မင်း နေရဲနေပြီလား"

မျက်နှာကို အတင်းဆွဲညှစ်ပစ်ပြီးမှ အဖေ့ရဲ့ ညစ်တစ်တစ် အပြုံးကို မြင်လိုက်ရသည်။

"ကျွန်တော်... ကျွန်တော် တောင်းပန်ပါတယ်။ နောက်ထပ် အဖေ့ကို မထိခိုက်စေရပါဘူး"

အနားကနေ ထွက်သွားတော့မည့် အဖေ့ ခြေထောက်တေ‌ွကို ကိုင်ဆွဲကာ တောင်းပန်ရ၏။

Irregular Heartbeat [Completed]Where stories live. Discover now