Final

4.2K 330 36
                                    

လူတိုင်း ခန့်မှန်းထားသည့်အတိုင်း သူဌေးလေးရဲ့ အဖေ ပြန်ရောက်လာခဲ့သည်။ ယန်းမိသားစုလည်း အတူတူ ပါလာသည်မို့ မကြာခင်မှာ စေ့စပ်ပွဲ ဖြစ်လာတော့မည်ဟုလည်း ထင်ကြေးတွေ ပေးနေကြသည်။

သူဌေးလေးက ဖုန်းဆက်ခေါ်ပြီး Royal Villa ကို လာခိုင်းသည်။ ကောင်းကောင်းမွန်မွန် ဝတ်စားပြီး Villa ကို ထွက်လာရတော့သည်။

ဉက္ကဌကြီးက ဧည့်ခန်းမှာ ထိုင်စောင့်နေ၏။ သူဌေးလေးက လက်ဆွဲခေါ်ကာ ဉက္ကဌကြီးအနားကို သွားသည်။

ဉက္ကဌကြီးက တစ်ချက်လှည့်ကြည့်လာပြီး တည်တင်းနေသည့် မျက်နှာထားဖြင့် ထိုင်နေလေ၏။

"Taehyung က ပြောပြလို့ မင်းတို့ ပတ်သက်မှုကို သိထားပြီးပြီ။ Taehyung ကို မင်းနဲ့ သဘောမတူဘူးဆိုရင် ဘယ်လိုဆက်လုပ်မလဲ"

"အဖေ..."

ဉက္ကဌကြီးရဲ့ စကားကြောင့် သူဌေးလေးက ထိတ်ထိတ်ပျာပျာဖြင့် ဝင်ပြောဖို့ ကြိုးစားလာသည်။ သူဌေးလေးကို ခေါင်းခါပြပြီး တိတ်ဆိတ်နေဖို့ ပြော၏။

"ကျွန်တော် ဒီအတိုင်း ငြိမ်နေရမှာပါပဲ။ သူဌေးလေး အပေါ်ထားတဲ့ မေတ္တာတွေထဲမှာ ပျော်ရွှင်မှုတွေလည်း ပါနေပါတယ်။ ကျွန်တော်က သူဌေးလေးကို ဆွဲထုတ်သွားရင် သူဌေးလေးက တစ်ခါတည်းလိုက်ခဲ့မှာပါ။ ဉက္ကဌကြီးက အနောက်ကလိုက်ပြီး ခွဲရင်လည်း ခံစားရမယ့်သူက သူဌေးလေးပါပဲ။ သူဌေးလေးနဲ့အတူတူ မနေချင်လို့ ပြောတာမျိုး မဟုတ်ရပါဘူး...
သူဌေးလေးကို မထိခိုက်စေချင်ရုံပါ။ ကျွန်တော်ကတော့ ဒီအတိုင်း အဝေးကနေ ချစ်နေရရင်လည်း နေပျော်ပါတယ်။ ဒါပေမယ့် သူဌေးလေးသာ စိတ်မပျော်ဘူးဆိုရင် ဉက္ကဌကြီးဆီက ခေါ်ထုတ်သွားမှာပါ"

"မင်းက သူ မပျော်ရင် ငါ့ဆီကတောင် ခေါ်ထုတ်သွားမယ်ပေါ့"

"ဟုတ်ကဲ့ အဲလိုပါပဲ"

ဉက္ကဌကြီးက တစ်ခဏငြိမ်သွားပြီး သူဌေးလေးကို တစ်လှည့်ကြည့်သည်။

"Taehyung က ငါ့အနားမှာ ဘယ်တုန်းကမှ မပျော်ခဲ့ဘူး။ သူ့ အမေရှိခဲ့တုန်းကလည်း ဒီလိုမျိုးပဲ... ငါက လူတွေကို ပျော်ရွှင်မှု မပေးနိုင်ဘူး။ အဖေတစ်ယောက်ဖြစ်တဲ့ ငါကတောင် မပေးနိုင်ခဲ့တာ မင်းလို အပြင်လူက ပေးနိုင်မယ်လို့ ဘယ်လိုယုံကြည်သလဲ"

Irregular Heartbeat [Completed]Where stories live. Discover now