Part 20

2.4K 297 45
                                    

ဒီနေ့ high class မှာ လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ သူဌေးလေးက မရောက်သေးသည်မို့ သူတို့အားလုံး လှုပ်လှုပ်ရှားရှားရယ်...

မန်နေဂျာချုပ်အနေနဲ့ဆို သူဌေးလေးဟာ ရုပ်တည်လွန်းပြီး သီးသန့်နေတတ်သည်မို့ လူတိုင်း ကြောက်ရသည်။ ဉက္ကဌကင်မ်၏ သား ဖြစ်နေသည်မို့ ပိုဆိုးသေးသည်။

"ဒါဆို ဉက္ကဌကင်မ်က ပြန်လာတော့မှာပေါ့"

"သေချာတော့ မသိပါဘူး။ ဉက္ကဌကင်မ်ပြန်လာရင် လုပ်ငန်းပါတနာဖြစ်တဲ့ အမျိုးသမီးယန်းရဲ့ သမီးနဲ့ မန်နေဂျာချုပ်တို့ စေ့စပ်ကြမှာတဲ့လေ... လူတွေကတော့ ပြောကြတာပါပဲ။ သူတို့ နှစ်ယောက်က ကျောင်းတုန်းကတည်းက နာမည်ထွက်နေကြတာတဲ့။ မိန်းကလေးယန်းက ငါတို့ မန်နေဂျာချုပ်ကို သိပ်ချစ်တာတဲ့လေ"

"မန်နေဂျာချုပ်ကလည်း မိန်းကလေးယန်းလို ချောချောလှလှကိုမှ ရင်ခုန်တာ ထင်ပါရဲ့..."

ဝန်ထမ်း မိန်းကလေးတွေ ပြောနေကြသည့် စကားကြောင့် လည်ပင်းမှ နက်ကတိုင်ကို ဖြေလျော့လိုက်ရသည်။

ရင်ဘတ်ထဲ တင်းကျပ်သွားပြီး အသက်ရှုရ ခက်လှ၏။ မိုးနဲ့ မြေ ဘယ်လောက်ထိကွာခြားနိုင်သလဲ သိနေပြီးသားပေမယ့် မိုးပေါ်မှ သူဌေးလေးကို ချစ်မိတော့လည်း စိတ်နှလုံးသား ဒဏ်ရာတွေ ပြည့်လာရော ထင်ပါသည်။

လက်ထဲမှာ ကိုင်ထားသည့် ရုံးအိတ်အနက်ရောင်ကို ကျစ်ကျစ်ဆုပ်ကိုင်ထားပြီး လှည့်ထွက်ရန်ပြင်တော့ ခြေလှမ်းတွေ ရပ်တန့်သွားရသည်။

သူတို့ ပြောနေသည့် အကြောင်းအရာက...

"မန်နေဂျာချုပ်က အရောင်တွေ မမြင်နိုင်ဘူးလို့ သံသယမဝင်မိဘူးလား။ ဟိုတစ်နေ့က မန်နေဂျာချုပ်ရဲ့ ရုံးခန်းကို file သွားပို့တာ သူ့အနားမှာ ရှိနေတဲ့ အစိမ်းရောင် ဖိတ်စာပျောက်လို့ ရှာနေတာ တွေ့တာပဲ"

"ငါ သိထားတာ ရှိတယ်။ မန်နေဂျာချုပ် ၆ နှစ်သားတုန်းက သူ့အမေလည်း ဆုံးသွားတာ။ မဆုံးခင်မှာ သူတို့ သားအမိက ပြန်ပေးဆွဲခံရတာတဲ့လေ... တစ်ပတ်လောက် အမှောင်ပိတ်ခန်းထဲမှာ ‌မန်နေဂျာချုပ်က တစ်ယောက်တည်း နေခဲ့ရတာ။ ရုန်းကန်ရင်းနဲ့ သူ့ခေါင်းလည်း ဆောင့်မိသွားတာတဲ့လေ... တစ်ပတ်ကြာလို့ ရဲတွေ ရှာတွေ့တော့ ၆ နှစ်အရွယ် ကလေးက သူ့အမေရဲ့ အလောင်းကို ပထမဆုံး မြင်လိုက်ရတာပဲ။ တစ်နှစ်လောက် စကားလည်း မပြောဘဲ၊ အခန်းအပြင်လည်း မထွက်ဘဲ စိတ်ဒဏ်ရာ ရသွားခဲ့တာ... အဲကိစ္စတွေပြီးတော့ သူက ကျောင်းပြန်တက်တယ်။ ပြီးတော့ လူတွေကို အနိုင်ကျင့်တဲ့ သူတစ်ယောက် ဖြစ်သွားတာပဲ"

Irregular Heartbeat [Completed]Where stories live. Discover now