Part 17

2.2K 302 75
                                    

စားပွဲခုံပေါ် လက်ထောက်ကာ မျက်မှန်တပ်ပြီး စာတွေကို ဂရုတစိုက် ဖတ်နေရသည်။

Computer ရဲ့ screen ပေါ်မှ စာတွေက အနည်းငယ် သေးကွေးသည်မို့ အားစိုက်ရလွန်းသည်။

အာရုံစိုက်ကာ သေချာဖတ်နေချိန် ရုံးခန်းဖုန်းမှာ အသံမြည်လာတော့သည်။

"မန်နေဂျာချုပ်အတွက် နေ့လည်စာကို လာပို့ပေးရတော့မလား"

အတွင်းရေးမှူးဆီက အသံ ခပ်သွက်သွက်ကို ဂရုမစိုက်အားဘဲ လွယ်လွယ်သာ လာမပို့ဖို့ ပြောလိုက်မိသည်။

"ရတယ် နောက် နာရီဝက် နေမှ လာခဲ့... ပြီးတော့ ကျွန်တော့်ရုံးခန်းကို ဘယ်သူမှ မနှောင့်ယှက်ပါစေနဲ့။ အထူးသဖြင့် မန်နေဂျာဂျွန်ကို အဝင်မခံပါနဲ့... ကိစ္စရှိရင် အတွင်းရေးမှူး အိုပဲ ဖြေရှင်းထားလိုက်ပါ။ အရေးကြီးတဲ့ project အကြောင်း လေ့လာနေလို့ပါ"

"ဟုတ်ကဲ့ပါ မန်နေဂျာချုပ်"

အ‌တွင်းရေးမှူးဆီမှ ဖုန်းချသွားချိန် screen ပေါ် အာရုံပြန်စိုက်ရသည်။

အရေးကြီးသည့် အကြောင်းအရာဆိုသည်မှာ "သင့်ကို စိတ်ဆိုးနေသည့် ချစ်သူကောင်လေးကို ဘယ်လိုပြန်ချော့မလဲ" ဆိုသည့် ခေါင်းစဉ်ဖြစ်သည်။

ခေါင်းစဉ်ကို ပြန်ဖတ်လိုက်ပြီး ပါးစပ်ကိုလက်နဲ့ အုပ်ကာ ခပ်တိုးတိုး ကြိတ်ရယ်ရသည်။

ကျွန်တော့်အဖြစ်က အနည်းငယ်တော့ ရယ်ချင်စရာပေမယ့် ဒီလိုမှ ရှာမဖတ်လျှင် ဟို အသေးလေးကို ဘယ်လိုချော့မလဲ...

အသေးလေးနဲ့ ကျွန်တော်တို့ အတည်တွဲခဲ့တာမျိုး မရှိပါဘူး။ ၁၀ နှစ်ကျော်ချိန်က အနမ်းတစ်ခုရယ်၊ အခုထိ မရပ်စဲသေးသည့် ရင်ခုန်သံတွေရယ်၊ နှုတ်က ဖွင့်မပြောပေမယ့် စိတ်ချင်း ရင်းနှီးနေကြသည့် အသိတွေရယ်...

ကျွန်တော့် နှုတ်က ဖွင့်မပြောလည်း၊ သူ့ နှုတ်က ဖွင့်မပြောလည်း ကျွန်တော်တို့ကြား ရှိနေသည့် သံယောဇဉ်ဟာ အချစ် ဆိုသည့် အရာသာ ဖြစ်ကြောင်း နားလည်ပါသည်။

အသေးလေးကို တောင်းပန်ရင်းနဲ့ ချစ်မြတ်နိုးကြောင်း ဖွင့်ပြောသွားမည်။ ဖြစ်ခဲ့သမျှကို အချိန်ယူပြီး သူနဲ့အတူ မျှဝေသွားဖို့ ဆုံးဖြတ်ထား၏။

Irregular Heartbeat [Completed]Where stories live. Discover now