Part 4

2.4K 308 33
                                    

ဧပြီလကို ရောက်နေပြီမို့ နွေဦးရဲ့ နေရောင်ခြည်နွေးနွေးအောက်မှာ ချယ်ရီတွေလည်း ပွင့်နေပြီဖြစ်သည်။

ဆောင်းအကုန်မှာမို့ လေညှင်းရဲ့ အေးစိမ့်စိမ့်အရသာကတော့ မပျောက်သေး။

လေညှင်းက တဖြည်းဖြည်း တိုက်ခတ်နေလို့ ချယ်ရီတွေရဲ့ ပွင့်ဖက်တွေက အနည်းငယ်စီ ကြွေကျလာသည်။

ချယ်ရီပင်ကြီးအောက်မှာ ထမင်းလိပ်ရောင်းနေသည့် ဆိုင်လေးကို ကြည့်ရင်း Taehyung က ခပ်ညစ်ညစ် ပြုံးနေတာဖြစ်သည်။

ချယ်ရီပွင့်ချပ်တွေဟာ ထိုဆိုင်လေးရဲ့ ခေါင်မိုးပေါ်ကို တရွေ့ရွေ့နဲ့ ကြွေကျသွားသည်။

နေရောင်ခပ်ဖျော့ဖျော့ဟာ ဆိုင်ရဲ့ ခေါင်မိုးပေါ်ကို အလင်းကျနေတာဖြစ်၏။

မိန်းကလေးတချို့က ဆိုင်အရှေ့မှာ ဖြတ်လျှောက်သွားပြီး ဆိုင်ထဲမှ တစ်စုံတစ်ယောက်ကို ‌စောင်းငဲ့ကြည့်သည်။

Taehyung... သူ့ကားထဲကနေ အခြေအနေကို စောင့်နေခဲ့တာ ၁၅ မိနစ်နီးပါးရှိပြီ။

အရာရာဟာ ဇာတ်ဝင်ခန်းတစ်ခုလို သာယာနေခဲ့တာမျိုး။ ထို့ကြောင့် ကားတံခါးကို ဖွင့်လိုက်ပြီး မျက်နှာသေနဲ့ ထမင်းလိပ်ဆိုင်နားကို ကပ်သွားလိုက်သည်။

သူ့အနောက်မှာ ဂျယ်ဆောင်းနဲ့ ဂျူဝန်က ကပ်ပါလာ၏။ ဆိုင်အနားရောက်တော့ ဆောင်းထားသည့် လျှာထိုး ဦးထုပ် အနက်ကို မျက်နှာကို ဖုံးသည်အထိ ခပ်ငိုက်ငိုက်ဆောင်းပစ်လိုက်သည်။

"ထမင်းလိပ် ၂ ပွဲပေးပါ"

ဆိုင်ထဲမှ 'ဟုတ်ကဲ့' ဆိုသည့် အဖြေကိုလည်း ကြားရပြီး ထမင်းလိပ်လုပ်နေသည့် အသံဆူဆူတွေလည်း သူ့နားထဲ ဝင်လာသည်။

"ထမင်းလိပ် ၂ ပွဲ ရပါပြီ"

သူ့လက်ထဲ ထိုးပေးလာသည့် ထမင်းလိပ်တွေ ဖြစ်သည်။ ဆိုင်ကလေးက အကျယ်အဝန်းမရှိ၊ ကားကိုမှ ဆိုင်လို တွဲလျက်ဖွင့်ထားသည့် ရွေ့လျားဆိုင်လေးဖြစ်သည်။

ဒီလိုဆိုင်မှာရှိသည့် ထမင်းလိပ်ဟာလည်း သူစားနေကျ နာမည်ကြီး အဆင်မြင့်ဆိုင်တွေကလို တခမ်းတနားနဲ့ မဟုတ်။

Irregular Heartbeat [Completed]Where stories live. Discover now