Part 6

2.3K 307 50
                                    

ဂျယ်ဆောင်း ခေါ်လာသည့် club ကို ရောက်နေပြီ ဖြစ်သည်။ ဒီလိုနေရာမျိုး တစ်ခါမှ မသွားဖူးပေမယ့် အတန်းထဲက‌ ကောင်တချို့ သွားနေကျမို့ ကျွန်တော်လည်း ရောက်လာတာမျိုး

Club ဆိုတာက အထူးအဆန်းရယ်တော့ မဟုတ်... ခပ်ဆူဆူ သီချင်းသံရယ်၊ ကနေကြတဲ့ လူတချို့နဲ့ အမူးသမားတွေ ပြည့်နေရုံသာ

အဆန်းတကြယ်မရှိဘဲ သာမန်အတိုင်း မထူးခြားတဲ့ နေရာမျိုး ဖြစ်၏။

"Taehyung? Taehyung မဟုတ်လား"

ဦးထုတ်ကို ခပ်ငိုက်ငိုက်ဆောင်းပြီး ဝင်လာပေမယ့် ကျွန်တော့်လက်မောင်းရင်းကို ဆွဲပြီး မေးလာသူက ရှိ၏။

ဂါဝန်တိုက တစ်ကိုယ်လုံးမှာ တင်းကြပ်နေပြီး ဆံပင်အရှည်ကြီးက ကျောလယ်ထိရှည်၏။

"အော အစ်မ ဆိုယန်းလည်း ဒီကို လာတာပဲလား"

အများကြီး အံ့အားသင့်သွားတာတော့ မဟုတ်။ အစ်မဆိုယန်းက လူချမ်းသာအသိုင်းအဝိုင်းက သူဌေးသမီးဖြစ်သည်။

ကျောင်းမှာလည်း ခပ်မိုက်မိုက်နဲ့ အလှဆုံး စီနီယာတန်းက မိန်းကလေးဖြစ်၏။

"Taehyung... အစ်မနဲ့ ကမလား"

လက်မောင်းကို ချိတ်တွဲပြီး မျက်တောင်ကို တဖြတ်ဖြတ်ခတ်ကာ ပြောလာတာ ဖြစ်သည်။

အစ်မ ဆိုယန်းဘက်က သဘောကျနေကြောင်း ဖွင့်ပြောထားဖူးသည်။ အစ်မလို မိန်းကလေးက ငြင်းရက်စရာရှိသော်လည်း အခုထိ အစ်မကို နည်းနည်းလေးတောင် စိတ်မဝင်စား...

သို့သော်လည်း အစ်မရဲ့ လက်ကို တဖြည်းဖြည်းချင်း ခါချပြီး

"သဘောလေ"

အစ်မ ဆိုယန်းထက် အရင် လူတွေ ကြားထဲ တိုးဝင်ပြီး လှုပ်ခါနေလိုက်သည်။ စည်းချက်က ခပ်မြူးမြူးနဲ့ မီးရောင်တွေလည်း ဖြတ်ပြေးနေသေးသည်။

မီးရောင်တွေကို အရောင် မခွဲနိုင်တာနဲ့ အဖြူ၊ အမည်း လူတွေကလွဲလို့ ကျန်တာ အားလုံး အဆင်ပြေနေဆဲ..

အစ်မ ဆိုယန်းက အနားကို ကပ်ကာ စကားပြောပြီး ကနေ၏။ သူ့ စကားသံက နားထဲ ဝင်တစ်ချက်၊ မဝင်တစ်ချက်...

Irregular Heartbeat [Completed]Where stories live. Discover now