Part 18

2.3K 288 70
                                    

Royal Hotel ရဲ့ အပေါ်ဆုံးထပ်မှာ ရှိသည့် bar မှာ ရောက်နေပြီ ဖြစ်၏။ အမိုးမပါဘဲ လသာဆောင်လို ဟင်းလင်းပြင်ကြီးမှာ bar ဖွင့်ထားခြင်း။

"ဒီည အစ်ကို ရှင်းမှာမို့ မင်းတို့ ကြိုက်တာသာ မှာကွာ"

ဘွန်းဆော့တို့ဘက် တစ်ခွန်းလှည့်ပြောပြီး ဘေးချင်းကပ်ထိုင်နေသည့် ကျွန်တော့်ဘက် ငေးကြည့်လာသည်။

"အသေးလေးရော ဘာစားမလဲ... အခုတော့ အရက်သောက်တတ်မယ့် အရွယ်တောင် ကျော်နေပြီ။ ကိုကို ဘာမှာပေးရမလဲ"

သူဌေးလေးက ငယ်ငယ်က အကျင့်တွေ အခုထိ မပျောက်။ bar ၊club ကို ရောက်လျှင် မသောက်စားရဘဲ မနေနိုင်။

သူ့ဟာသူ သောက်လည်း ဘေးလူကိုပါ အတင်းခေါ်၏။

"အသေးလေးက မသောက်နိုင်မှာစိုးလို့ cocktail  အပျော့လေးပဲ သောက်နော်"

လူကို လှမ်းပြောပြီး waiter ကို လှမ်းခေါ်သည်။

"အသေးလေးအတွက် strawberry- coconut Daiquiri တစ်ခွက်နဲ့ ကိုယ့်အတွက် Negroni နှစ်ခွက် ပေးပါ"

သူဌေးလေးကြောင့် ခေါင်းသာ ခါမိတော့သည်။ သူ့ စိတ်ကြိုက်၊ သူလုပ်ချင်ရာတွေသာ လုပ်နေလေ၏

တခဏကြာတော့ waiter လေးက ပြန်ရောက်လာသည်။

Strawberry - coconut Daiquiri မှာ rum၊ martini အနည်းငယ်သာ ပါသည်မို့ ခပ်ပျော့ပျော့ရယ်... အရောင်ကအစ ပန်းရောင်သန်းနေပြီး ကလေးတွေ သောက်သည့် အချိုရည်လိုလို ဖြစ်နေ၏။

စိတ်ရှုပ်စွာ နှာခေါင်းရှုံ့မိတော့ သူဌေးလေးက ဘာလို့လဲ ဟူသည့် သဘောဖြင့် မေးဆတ်ပြသည်။

သူကတော့ ယောက်ျားဆန်ဆန် Negroni ကို နှစ်ခွက်တောင် သောက်ဖို့ လုပ်နေ၏။ Negroni က gin, vermouth, campari တို့ကို အချိုးကျကျ ရောစပ်ထားသည်မို့ ခါးသက်လွန်းကာ လန်းဆန်းစေသည်။

High class မှာ မန်နေဂျာလုပ်နေသည့် လူမို့ အစားအသောက်တိုင်း၏ ကောင်းကျိုးတွေ၊ အရသာတွေကို သိခဲ့ပြီးသား ဖြစ်၏။

တစ်ခါတစ်ရံ နိုင်ငံခြားမှ ဧည့်သည်တွေ လာလျှင် ဒီလိုမျိုးတွေ လမ်းညွှန်ပေးရလေ့ ရှိသည်။

သူဌေးလေး ဘယ်လောက် သောက်နိုင်မလဲဟု မေးထောက်ကာ စောင့်ကြည့်နေလိုက်သည်။

Irregular Heartbeat [Completed]Where stories live. Discover now