Part 12

2.1K 282 44
                                    

နွေရာသီ ကျောင်းပိတ်ရက်ကို ရောက်လာပြီ ဖြစ်သည်။

ပိတ်ရက်ကို ရောက်သွားပေမယ့် ဆူဘင်းနဲ့ ဘွန်းဆော့ကတော့ အိမ်အထိ ရောက်လာပြီး အပြင်ထွက်ဖို့ လာခေါ်တတ်သည်။

အပြင်မှာ လျှောက်လည်ပြီး အချိန်ဖြုန်းရသည်ကို မကြိုက်သည့် အမေက သူတို့နဲ့ကျ စိတ်ချပြီး အမြဲ လွှတ်၏။

သို‌့ပေမယ့် ပိတ်ရက်တွေက သူဌေးလေးနဲ့ ဆက်သွယ်ဖို့ ခြားပစ်လိုက်သလို ဖြစ်နေသည်။

အခုဆို ကျောင်းပိတ်ရက်တွေထဲ တစ်ပတ်တိတိ ကုန်ဆုံးသွားပေမယ့် သူဌေးလေးနဲ့ ဖုန်းပြောတာ၊ စာပို့တာလောက်သာ အဆက်အသွယ်ရသည်။

ဘာတွေ ဖြစ်နေသလဲ လည်း မသိရ၊ သူဌေးလေးက အပြင်မထွက်လျှင် အစ်ကိုဂျယ်ဆောင်းတို့ကလည်း မထွက်နဲ့

"ဟေ့ကောင် Jungkook ရေ... ဒီသတင်းဖတ်ပြီးပြီလား"

ဆူဘင်းက လှမ်းခေါ်နေ၏။ ခဏတွေ့ရအောင် ဆိုကာ လမ်းထိပ်က ၂၄ နာရီ ဆိုင်မှာ ထိုင်နေကြတာ ဖြစ်သည်။

ထို့‌ေနာက် ဆူဘင်းက ဖုန်းကို ထိုးပေးကာ သတင်းဖတ်ခိုင်းသည်။

ထိပ်တန်း စီးပွားရေးလုပ်ငန်း‌ေတွ ဖြစ်တဲ့ Royal Group နဲ့ ယန်းလုပ်ငန်းစုတို့ ပူးပေါင်းလိုက်သည့် သတင်း ဖြစ်သည်။

သတင်းခေါင်းစဉ်အကြီးကြီးနဲ့အတူ စာသားတွေ အများကြီးလည်း ပါဝင်သည်။ သူဌေးလေးရဲ့ အဖေရယ်၊ အမျိုးသမီး တစ်ယောက်နဲ့ ပုံက ခေါင်းစီးမှာ ပါလာ၏။

ထို့နောက် သူဌေးလေးနဲ့ ခပ်လှလှ မိန်းကလေးတစ်ယောက်...

ကြည့်ရသည်ကတော့ အတူ တွဲရိုက်ထားသည့် လောလောလတ်လတ် ဓာတ်ပုံ ဖြစ်သည်။

အညိုရောင် ခပ်ဖျော့ဖျော့ အနောက်တိုင်းဝတ်စုံက ဘေးနားမှ မိန်းကလေးရဲ့ အညိုရောင် ခပ်ဖျော့ဖျော့ ဂါဝန်နဲ့ ဆင်တူရယ်...

လူတွေ အများကြီးက မှတ်ချက်တွေ ပေးထားကြသည်။

"နာမည်ကြီး လုပ်ငန်းတွေ ပေါင်းစည်းပြီး လုပ်ကြမှာဆိုတော့ ပိုပြီး ဖွံ့ဖြိုးတိုးတက်လာမယ့် project တွေ မျှော်လင့်နေပြီ"

Irregular Heartbeat [Completed]Where stories live. Discover now