Part 11

2.1K 286 36
                                    

နွေရောက်ခါနီးဆို မိုးက တဖြောက်ဖြောက် ကျလာတတ်သည်။

နွေရာသီမှာဆို မိုးရွာတာက အတော်ဆိုးလွန်းလှသည် မဟုတ်ပါလား... ဒီနေ့လည်း ကျောင်းက ပြန်ဖို့ကို မိုးတိတ်တဲ့အထိ စောင့်ရသည်။

ကျောင်းရဲ့ စင်္ကြံထဲမှာ ရပ်စောင့်နေတော့ ဆူဘင်းနဲ့ ဘွန်းဆော့လည်း မပြန်ဘဲ စောင့်နေပေးသည်။

ကျောင်းဆင်းသွားပေမယ့် သိပ္ပံဆရာက လက်တွေ့စမ်းသပ်ခန်းကို သန့်ရှင်းရေးလုပ်ပေးဖို့ အကူအညီတောင်းထားလို့ ကျွန်တော်တို့ သုံးယောက်တည်း ကျန်နေခဲ့ခြင်း...

"စိတ်ကုန်လိုက်တာကွာ မိုးကလည်း မတိတ်နိုင်တော့ဘူး"

ဆူဘင်းက စင်္ကြံလမ်းပေါ်မှာ တင်နေသည့် ကျောက်ခဲသေးသေးလေးကို ခြေထောက်နဲ့ ကန်ပစ်ပြီး ဆူပုတ်ပုတ် ပြောသည်။

ဆူဘင်းနဲ့ ဘွန်းဆော့က စက်ဘီးနဲ့သာ လာသည်မို့ ထီးမပါတာကြောင့် အခက်တွေ့ရသည်။

"မင်း ပြန်ချင်နေပြီလား ရော့ ဒါကို ဆောင်းပြီး သွားလေ"

ဘွန်းဆော့က သူ ဝတ်ထားသည့် hoodie အပြာရင့်ရောင်ကို ချွတ်ကာ ဆူဘင်းပုခုံးပေါ် တင်ပေး၏။

"မယူပါဘူး မိုးရေကြောင့် မင်းအင်္ကျီတွေ ပျက်စီးလိမ့်မယ်"

ဆူဘင်းက အင်္ကျီကို ပြန်ပေးပြီး မိုးရွာကျနေသည့် ကောင်းကင်ကြီးကိုသာ ငေးကြည့်နေ၏။

ရုတ်တရက် ထူးဆန်းလွန်းသည့် အနေအထားကို တွေ့လိုက်ရသည်။ ဘွန်းဆော့က ဆူဘင်းမျက်နှာကို ရွှန်းရွှန်းစားစား ငေးကြည့်ကာ ပြုံးနေ၏။

သူ့အပြုံးက ကြက်သီးထစရာ ကောင်းလောက်သည်အထိ နူးနူးညံ့ညံ့ရယ်၊ အကြည့်တွေကလည်း ဆူဘင်းဆီမှာ နစ်ဝင်နေတာ...

ဆူဘင်းက ဒါကို မမြင်ပေမယ့် ဘွန်းဆော့ရဲ့ အရိပ်အကဲကို မြင်နေရသည့် ကျွန်တော်

ယောက်ျားလေး တစ်ယောက်က ယောက်ျားလေး တစ်ယောက်ကို ကြည့်က‌ာ ပြုံးနေသည်။ အကြည့်တွေက နစ်ဝင်နေပြီး တောက်ပနေ၏။

ဂရုစိုက်မှုတွေ၊ ကြင်နာမှုတွေ၊ စိုးရိမ်မှုတွေနဲ့ ဒါဟာ သူငယ်ချင်း သံယောဇဉ်လိုမျိုးပါပဲလား... ဒါမှမဟုတ် တခြားလား

Irregular Heartbeat [Completed]Where stories live. Discover now