🦋①...𝙕𝙖𝙬𝙜𝙮𝙞

169 8 0
                                    

မိုးခြိမ်းသံက တဂျိမ်းဂျိမ်း မိုးကလည်း တစ်ယောက်သောသူဘက်မှလိုက်၍ အငြိုးနှင့်ရွာနေသည့် အလား သည်းကြီးမည်းကြီး..
မိုးသည်းသည်းအောက် ချည်သားအင်္ကျီအဖြူနှင့်ကောင်လေးတစ်ယောက်သည်ကား မိုးရေများစိုရွဲလျက် နှုတ်ခမ်းသားတို့ကား အေးလွန်း၍ ပြာနှမ်းနေလေပြီ သူတစ်ယောက်မိုးရေထဲတွင် မည်မျှကြာအောင်ရပ်စောင့်နေသည်ကိုတော့ ချယ်ရီရောင်သမ်းနေသည့် နှုတ်ခမ်းသားလေး အရောင်ပြောင်းသွားသည်ကိုကြည့်ခြင်းဖြင့်ခန့်မှန်းနိုင်သည်...

နှုတ်ခမ်းဖျားမှလည်း တစ်စုံတစ်ခုကို မကျေနပ်ဟန်ဖြင့် ပြောနေဟန် ထူထဲနက်မှောင်နေသည့်မျက်ခုံးတန်းတို့ကား ပုံမှန်ချိန်တွေမှာ မြင်သူအားကျငေးမောလောက်သည်ဆိုပေမယ့် ယခု၌ကား တစ်ခုနှင့်တစ်ခု ထိစပ်လုနီးပါး ထောင်တင်းနေသည့်မေးရိုးများကိုကြည့်ခြင်းအားဖြင့် မည်မျှပင်အံကြိတ်ထားသနည်းကို သိနိုင်သည်.ဖြူဖွေးနေသည့်အသားအရည်ကား ယခုတော့ သွေးမရှိသလို ပြာနှမ်းလျက် သာမန်ချိန် ယောင်္ကျားခြင်းပင် အားကျရလောက်တဲ့ အမျိုးသားလေးကား ယခုတော့ ခပ်တင်းတင်းမျက်နှာကြောင့် တောက် တစ်ချက်ခေါက်ရုံ ညို့အားကောင်းလွန်းသည့်သူ့မျက်ဝန်းတို့နှင့်တချက်ကြည့်မိရုံဖြင့် ဒူးတုန်ကာ အရည်ပျော်ကျမည့်အခြေအနေပင်.
"တောက်ခ်!."

"ဟိန်းစက္က..မင်းဘယ်လောက်ထိ ယုတ်မာနိုင်လဲကြည့်ကြသေးတာပေါ့ "

"တံခါး လာဖွင့်စမ်း ..ဟျောင့် ဟိန်းစက္က လူစကားနားမလည်ဘူးလား.."

"တောက်ခ်"

လှမ်းခေါ်ပါသော်လည်း မကြားနိုင်သည်ကို ရှိုင်း တစ်ယောက်သိပါသည်..

"ရှိုင်း" ဟုတ်သည် ထိုကောင်းချီးဆုအပြည့်နှင့် မျက်နှာပိုင်ရှင်အမျိုးသားလေး အမည်နာမကား "ရှိုင်းသော်တာ" ပင်..

ပန်းနွယ်ပန်းခက်များနှင့် လွန်စွာမြင့်မားလှပါသော သံပန်းတံခါးကြီး၏ သံတိုင်များကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာကိုင်ထားသည်ကား လက်ဖမိုး ဖြူစုတ်စုတ်အထက် သွေးကြောများပင်အပြင်သို့ပေါက်ထွက်လာတော့မည့်နှယ် ဖောင်းကြွထောင်ထနေလျက် ....

နားခိုရာမှားတဲ့ လိပ်ပြာငယ်Where stories live. Discover now