🦋①⑤...Ⓤⓝⓘ

84 7 0
                                    

နေ့ရက်တို့က လတစ်လအဖြစ်သို့ ။
လသုံးလပေါင်းကာ ရာသီတစ်ခုသို့ ကူးပြောင်းစပြုနေလေပြီ​။

ဟုတ်သည်။ဒီနေ့နဲ့ဆို ဟိန်းစက္က  သွားတာ သုံးလပင်ပြည့်လေပြီ။ သူထွက်သွားခါစနေ့ရက်တွေတုန်းကတော့ စိတ်ထဲတွင်အနည်းငယ်လစ်ဟာနေသယောင်ရှိပေမယ့်  သုံးလဆိုသည့် ကာလနှင့်အညီ အနည်းငယ် နေသားကျလာ၏။

ဆောင်းဉီးဝင်ကာစဖြစ်သည်မို့ သစ်ရွက်သစ်ခက်တိုင်းက နှင်းစွတ်ထားသဖြင့် စိုစွတ်နေ၏။မနက်ခင်းနေရောင်ခြည်အောက် သစ်ရွက်တိုင်း၏ ရောင်ပြန်မှုက  ရေစိုထားသည့်ပမာ။

ကျောင်းဝင်းထဲတွင်တော့ Duty Coatအဖြူလေးနှင့် ကျောင်းသားများက ဟိုရွေ့သည်ရွေ့ဖြင့်သာ။
ပြောင်းလဲသွားသည်ဟူ၍ တစိုးတစိမျှမရှိပါချေ။

ရာသီလရက်တစ်ခုတည်းသာ သဘာဝအရ ပြောင်းလဲ သွားခြင်း။

ဒီနေ့လည်း ခါတိုင်းနေ့တွေလို အိမ်တွင်မနက်စာစားချိန် မရသဖြင့် ကျောင်းကန်တင်းတွင်သာ  ၀င်စားဖြစ်၏။

" ရှိုင်း "

ကြည်လင်သေးငယ်သောခေါ်သံစူးစူးက မိမိနောက်ကျောမှ ဖြစ်သည်မို့   အလိုက်သင့်စွာပင် လှည့်ကြည့်မိလိုက်တော့  နွေးထွေးသည့်အပြုံးပိုင်ရှင် ကျွန်တော့် သက်ညှာအမျိုးသမီးလေး   "ဖြူ" ဖြစ်နေ၏။

အနည်းငယ် အလှမ်းဝေးသော်လည်း ပိတ်ဖောက်ဝမ်းဆက် ဖက်ဖူးစိမ်း ရောင် နှင့် အမျိုးသမီးလေးမှာ အိ​ေန္ဒြရှိမိန်းမကောင်း ပီသစွာပင် ပြေးလွှားလာခြင်းမရှိ  မှန်မှန်ဖြေးဖြေးသာ ကျွန်တော်ရှိရာ ဝိုင်းသို့ ဉီးတည်လျှောက်လှမ်းလာ၏။

" Morning ဖြူ "

"  Morning ပါရှိုင်း အခုမှရောက်တာလား"

" ဟုတ်ပါတယ်ဘုရား  ကျွန်တော်မျိုး အိပ်ရာထ နောက်ကျခြင်းကြောင့်ပါ ဘုရင်မကြီးဘုရား"

"  စောစောစီးစီး လာစနေပြန်ပြီ "

"  စောစောစီးစီး မစရဘူးလို့ဘယ်သူက ပြောထားလို့လဲ "

" ဘယ်သူမှ မပြောထားပါဘူး စချင်လည်း သဘောပ့ရှင် "

"  တစ်ကယ်တော့ ကိုယ်က စနေတာမဟုတ်ဘူး အတည်ပြောနေတာ "

နားခိုရာမှားတဲ့ လိပ်ပြာငယ်Where stories live. Discover now