🦋④...Ⓤⓝⓘ

178 10 8
                                    


တယောသံက နားထဲသို့ ညှင်သာစွာပင် ငြိမ့်ငြိမ့်လေးတိုးဝင်လာ၏.. အမြင်အာရုံများက ဝေဝါးစွာ မျက်ခွံတို့ကို လေးလံစွာဖွင့်ကြည့်မိတော့ နက်ပြာရောင်မျက်နှာကျက် .. အနည်းငယ်အားယူကာ အာရုံစိုက်ကြည့်တော့ နံရံပေါ်တွင် မိမိကိုထိုင်ကြည့်နေသည့်အလား ခန့်ညားစွာတည်ရှိနေသည်က ဟိန်းစက္ကရဲ့ ပုံတူပန်းချိီကား...မှန်ဆွဲတံခါးနှစ်ချပ်မှာ အဆုံးထိဖွင့်ထားကာ ခန်းစီးများကလည်း ဝရန်တာလေသာရာအရပ်မှ တိုက်ခတ်နေသည့်လေအေးတဖြူးဖြူးကြောင့် အောက်သို့ငြိမ်ကျခြင်းမရှိ လေထဲသာတလှပ်လှပ် လွင့်ပျံနေ၏..လွင့်ပျံနေသည့် ခန်းစီးများရဲ့နောက်ကွယ်တွင်တော့ တယောထိုးနေသည့် အမျိုးသားတယောက်၏နောက်ကျောကို မှုန်ဝါးဝါးလေးမြင်နေရသည်...တယောသံကို နားထောင်ခြင်းဖြင့် မည်သူမည်ဝါမှန်းကောင်းကောင်းကြီး သိလိုက်လေပြီ...ဟိန်းစက္ကရဲ့ Fav songဖြစ်တဲ့  Rewrite The Starsကို Violin verဖြင့် ခံစားစီးမျောစွာ တယောထိုးနေပုံကြည့်ရင် တစ်စုံတစ်ဉီးမှ လွဲ၍ မည်သူမှ မဖြစ်နိုင် ..."ဟိန်းစက္က ...."နှုတ်ခမ်းမှ မယုံနိုင်ခြင်းများစွာ​ဖြင့် ခပ်ဖွဖွသာ ရေရွတ်မိ၏.....

"ဘာလဲဟ ဒါငါ့အခန်းမဟုတ်ဘူးလား"

အားပြုပြီးထမည် လုပ်တော့ ညာဖက်လက်က လှုပ်၍မရ တခုခုနှင့်ချည်ထားခံရသလို .. ခေါင်းထောင်ပြီးကြည့်လိုက်တော့မှ ထင်ထားသည့်အတိုင်းပင် ညာဖက်လက်တွင်နေရာယူထားသည်ကား နက်ပြောင်နေသည့် သားရေကြိုးတစ်ခု ခပ်တင်းတင်းချည်ထားသောကြောင့် အနည်းငယ်မျှပင်လှုပ်လို့မရချေ...

"ဘာလဲဟ ဒီအခြေအနေက ကျစ်.."

သေသေချာချာကြည့်မိတော့မှ ဘယ်ဘက်လက်နှင့် ခြေထောက်နှစ်ဖက်ကိုလည်း ညာဖက်လက်နည်းတူ ချည်နှောင်ခံထားရသည်ကို ရှိုင်းသော်တာ သတိထားမိတော့သည်

"တောက်ခ် ီးဘဲကွာ"

"ဟိုကောင် ဟိန်းစက္က ငါ့ကိုဘာလုပ်ဖို့ ဒီလိုလုပ်ထားတာလဲ"

ဝရန်တာမှ တယောထိုးနေသည့် အမျိုးကောင်းသားကတော့ ရှိုင်းသော်တာ အသံကြားမှ ထိုးနေသည့်တယောကို ပခုံးထက်မှညှင်သာစွာ ချလိုက်ပြီး အခန်းထဲသို့ အေးတိအေးစက်ပင် ဝင်လာ၏ အခန်းထဲသို့ရောက်သောအခါ မှန်တံခါးနှစ်ချပ်ကို ဆွဲပိတ်လိုက်သောကြောင့် လွင့်ပျံနေသည့် ခန်းစီးများမှာ ရုတ်တရက် ဆိုသလို ငြိမ်ကျသွား၏....ထို့နောက်လက်ထဲမှ တယောကို ပုံတူပန်းချီကား အောက်မှ ဓါတ်ပုံအချို့တင်ထားသည့် ကျွန်းဗီရို အသေးလေးပေါ် တင်ထားလိုက်ပြီး ရှိုင်းသော်တာရှိရာ ကုတင်ဆီသို့ ဉီးတည် လျှောက်လှမ်းလာ၏....

နားခိုရာမှားတဲ့ လိပ်ပြာငယ်जहाँ कहानियाँ रहती हैं। अभी खोजें