🦋①④...Ⓤⓝⓘ

96 6 0
                                    

၀ဿန်ကာလ ဖြစ်ပေသည့်အတိုင်း တိမ်တိုက် မှိုင်းမှိုင်း နက်နက်တို့က နေမင်းကြီးကို ရောင်ခြည်ဖွင့်ရန် နေရာဖယ်မပေးခဲ့ ။ အုံမှိုင်းညိုရီလျက်သာ တဖြောက်ဖြောက်ရွာနေသည့်မိုးကလည်း စနေမိုးဖွဲ တစဲစဲဟုသာ ဆိုလိုက်ချင်ပါတော့သည်။

စနေနေ့မှ ရွာလာသည့်မိုးမှာ ယနေ့ အင်္ဂါနေ့သို့ပင်ရောက်လေပြီ ခေတ္တမျှ ရပ်သွားလိုက် မကျတကျမည်သော အရှိန်ဖြင့် ရွာလိုက်နှင့်ဖြစ်နေသည်မှာ လေးရက်မြောက်သို့ပင် ရောက်လာလေပြီ။

" ဒီ ပုံအတိုင်းဆို ကျောင်းတောင်မသွားချင်တော့ဘူး စောင်ခြုံထဲမှာဘဲ နှပ်နေလိုက်ချင်တော့တယ် "

ဖန်သားပြင်အလွှာတစ်ထပ်ခြားနေသည့် အခန်းပြတင်း၀မှ တဖွဲဖွဲရွာနေသည့် မိုးစက်ကလေးများကိုကြည့်ရင်း   စိတ်ထဲဖြစ်ချင်နေသည့် အရာကို တစ်ယောက်တည်း တီးတိုးပြောလိုက်မိခြင်း။

"အဲ့လိုလုပ်လို့လည်း မဖြစ်သေးပါဘူး "

ကိုယ့်စကားနှင့်ကိုယ်ပြန်လည် ငြင်းဆန်လိုက်သည်က ခေါင်းတရမ်းရမ်းဖြင့်သာ။  မည်သည်ဟူ၍ မတိကျသည့် တစ်စုံတစ်ရာသော အကြောင်းအရာကပျင်းသည့်စိတ်ကို သွေဖယ်ကာ ကျောင်းသို့လာရသည့် အဓိကအကြောင်းအရင်း။
ကားပြင်သို့ထွက်ရန် ခြေဆန့်ချလိုက်သည်နှင့်  ထီးတစ်ချောင်းကလည်း မိမိကိုယ်ထက်သို့ အုပ်မိုးလျက်သား။

ကျောင်းဆောင်အတွင်းသို့ ခပ်သွက်သွက်ပင်လျှောက်လှမ်းသွားလိုက်သည်။ ပုံမှန်ထက် ပိုမြန်နေသည့် ခြေလှမ်းများက ရာသီလိုက်မိုးကြောင့်တော့မဟုတ်  မိမိ့ကိုစောင့်ကြိုနေသည့်  သက်ဝန်းညီညာ မျက်ဝန်းအစုံတို့ကြောင့်သာဖြစ်ပေလိမ့်မည်။

" Nik မိုးစိုလာသေးလား"

" ခန္ဓာကိုယ်တော့မစိုဘူး ဘောင်းဘီအောက်နားလေး ဘဲ နည်းနည်းစိုသွားတာ"

" အောက်နားကို ခေါက်ထားလိုက် ခြေထောက်ကို စိုစိစိနဲ့ ပစ်မထားနဲ့ "

" ထားပါကွာ ငါက ကလေးလည်းမဟုတ်တော့တာကို "

" ကျစ် ပြောရကပ် ဆိုရကပ်နဲ့ ငြိမ်ငြိမ်နေ"

နားခိုရာမှားတဲ့ လိပ်ပြာငယ်Där berättelser lever. Upptäck nu