🦋①⑦...Ⓤⓝⓘ

73 7 0
                                    

လွန်ခဲ့သော ၄နှစ်

Golden Wolfလုပ်ငန်းစု၏ နှစ်ပတ်လည်နေ့ဖြစ်သည့်အလျောက် ကုမ္ပဏီ ဧရိယာအတွင်း လူကုန်ထံအသိုင်းအဝိုင်းများက တောက်ပြောင်စုံလင်သော အ၀တ်အထည် အပြင်အဆင်တို့ဖြင့် ဟိုတစ်စုဒီတစ်စု ။ မီးဆိုင်း မီးခက်တို့က ဖန်စီအလား လှပစွာ ။

မီးရောင်ကြောင့် ဖန်ရောင်​သဖွယ် ရောင်ပြန်ထနေသည့် လှေကားထက်မှ တစ်ထစ်ချင်း ယုံကြည်မှုရှိစွာ ဆင်းသက်လာသည့် အမျိုးသမီးကြောင့် ဟိန်းစက္က အမြင်အာရုံတို့က ထိုအမျိုးသမီးထံတွင်သာ။

ပတ္တမြား နီနီဆွဲသီးကို မျှင်တန်းသေးငယ်သော ပလက်တီနမ် ဆွဲကြိုးနှင့် သီကုံးထားကာ လည်တံ ကြော့ကြော့တို့က ဂုဏ်ယူဝင့်ကြွားစွာ။

နီညိုရောင် ဂါဝန်အတိုလေးက မဝဲတဝဲနှင့် ဒူးဖုံးထိရှည်၏။ ဆံသားတို့ကို တမျှင်တနွယ်မှ မချထားပါဘဲ ပြောင်ရောင်နေအောင် စုစည်းထားပြီး နှုတ်ခမ်းသားတို့က အမျိုးသမီးတစ်ယောက်ထက်ပိုမို မာန်ဖီနေပြန်၏။

မျက်ဝန်းတို့ကလည်း​ရင့်ကျက်တည်ငြိမ်မှုတို့အပြည့်

မြင်မြင်ချင်း စွဲလမ်းခဲ့ရသည့်အမျိုးသမီးက ပြိုင်ဘက်လုပ်ငန်း၏ CFOတစ်ယောက်

စီးပွါးရေးလောက၌ နာမည်ဆိူး နာမည်ကောင်း ၂မျိုးလုံးနဲ့ထင်ရှားသူ တော်ဝင်သွေးဆိုသည့် အမျိုးသမီး

ဟိန်းစက္ကတစ်ယောက် ဟန်ထိန်းကာ တော်ဝင်သွေးအနား လျှောက်သွားလိုက်၏။

" ကိုယ်တို့ ကုမ္ပဏီရဲ့ ဖိတ်ကြားမှုကို လက်ခံပေးတဲ့ အတွက် ကျေးဇူးပါ တော်ဝင်"

" မလိုပါဘူး ကျွန်မက လူမှုရေး သိတတ်ပါတယ်"

" ဟုတ်ပါပြီ လိုအပ်တာရှိရင်ပြောနော်"

" ရှင်က ဝိတ်တာလား"

" မသိတာလား တော်ဝင်"

" သိသားဘဲ အရမ်းဖော်ရွေလွန်းလို့ပြောတာ"

" ကိုယ်လည်း လူမှုရေးသိတတ်လို့ပါ"

ခပ်ရေးရေးအပြုံးတစ်ခုကို ချိတ်ဆွဲကာ တစ်ဖက်လှည့်သွားသူ​က ဟိန်းစက္ကကို ပို၍ ဆွဲဆောင်သွားနိုင်သလို။

နားခိုရာမှားတဲ့ လိပ်ပြာငယ်Where stories live. Discover now