🦋⑦...Ⓩⓐⓦⓖⓨⓘ

45 6 0
                                    

မနက်ခင်း ဂုဏ်ဆောင် နေရောင် ကျဲကျဲက လေသာဆောင် မှ ကျော်လွန်၍  မှေးစင်းနေသော မျက်စိတို့ကိုပင် အိပ်ရာမှထရန်လာရောက်နိုးဆော် နေသည့်အလား  မျက်စိနှစ်လုံးပေါ်သို့ လာရောက်ထိတွေ့သည့် ခပ်ရှိန်းရှိန်းအထိအတွေ့က  အိပ်ရာပေါ်မှ ထလာသည့် အဓိအကြောင်းအရင်းပင်.......

ကုမ္ပဏီဘက်လည်း ဟိန်းစက္က အယုံကြည်ရဆုံး COOတစ်ယောက်နှင့် လွှဲထားခဲ့သည်မို့  အလုပ်နားပေမယ့် သိပ်စိတ်ပူစရာမလိုပေ.....

(COO -Chief Operations Offcer ,CEOရဲ့ အောက်ကပါ,CFOက COOရဲ့အောက်ကပါ တော်ဝင်သွေးက Thaw Won Group ရဲ့ CFOပါ)

Phone screen လေးအား လက်ဖြင့် နှစ်ချက်မျှတောက်လိုက်သောအခါ လင်းလာသည့် Screenပေါ်က အချိန်ကား ၈နာရီ ၁၇မိနစ်သာရှိသေးသောကြောင့်  ရေမိုးချိုးသန့်စင်ကာ  မနက်စာစားရန် အိမ်အောက်သို့ ဆင်းလာခဲ့၏....

ထမင်းစားခန်းလေးထဲသို့ ရောက်သောအခါ မိသားစုထိုင်  လေးထောင့်မကျတကျပုံစံ  ပြုလုပ်ထားသည့် စားပွဲကြီးထက်တွင် ကော်ဖီ ခွက်ကလေးနှင့်  ထောပတ်သုတ်ထားသည့် ပေါင်မုန့်မီးကင်ထည့်ထားသည့် ပန်းကန်တို့က စားပွဲတစ်နေရာတွင် နေရာယူထားလေသည် ဤသည်ကိုကြည့်ခြင်းအားဖြင့် တစ်ပါးသူ  မနက်စာစားနေသည်ဆိုတာကို ဟိန်းစက္ကသိလိုက် ပါပြီ...  စားသုံးသူ မရှိသည့်မနက်စာလေးများနှင့် မျက်နှာချင်းဆိုင်မှ ထိုင်ခုံတစ်ခုံတွင်နေရာယူကာဝင်ထိုင်လိုက် ၏

" သူဌေးလေး မနက်စာစားတော့မှာလား ကြီးမေ ဘာပြင်ပေးရမလဲ"

ကြီးမေသည်လည်း   မိမိရောက်လာတာကို သတိထားမိတော့ ဘေစင်တွင် အသားဆေးနေရင်း မှ ပြေးလာကာမေးလိုက်ခြင်း ​ဖြစ်သည်....ကြီးမေ၏မေးခွန်းအား ခေတ္တမျှစဉ်းစားလိုက်ပြီး  မျက်နှာချင်းဆိုင်တွင် ချထားသည့် မနက်စာလေးသို့ မေးငေါ့ ပြလိုက်မိ၏...

"သားရှိုင်းက အရေးကြီးဖုန်းလာလို့တဲ့ ခြံထဲသွားပြောပုံရတယ် သူဌေးလေး "

"ကျွန်တော်မေးလိုက်မိလို့လား မနက်စာကို အဲ့ အတိုင်း လုပ်ပေးဖို့ပြောတာ"

"မသိပါဘူး ကြီးမေ က သားရှိုင်းကို မေးတယ်ထင်လို့   မနက်စာ အခုပြင်ပေးမယ်နော် သူဌေးလေး "

နားခိုရာမှားတဲ့ လိပ်ပြာငယ်Onde as histórias ganham vida. Descobre agora