🦋①②...Ⓤⓝⓘ

85 8 0
                                    

လေတိုးရာယိမ်းနေသည့်မြက်ရိုင်းပင်ကြီးများက မြေကြီးသို့ပင် ထိစပ်လုနီးနီး  အုတ်ဂူဖြူဖြူကြီးရှေ့တွင်တော့ ကောင်လေးနှစ်ယောက်က မားမတ်စွာ ရပ်နေဆဲ  ဆံနွယ်ဆံစများနှင့် ဝတ်ဆင်ထားသည်တို့ကလည်း လေတိုက်ရာ ဝဲလွှင့်လျက် . .

"အဖိုး နဲ့ အဖွား ကို ကျွန်တော် လာမိတ်ဆက်ပေးတာ ဒါက ကျွန်တော်တို့မျိုးရိုးရဲ့ အငယ်ဆုံးဆက်ခံသူပါ နာမည်က ရှိုင်းသော်တာပါ  အရင်ကတည်းက မိတ်ဆက်ပေးဖို့ လုပ်ခဲ့ပေမယ့် အကြောင်းအရင်းတချို့ကြောင့်  မလာဖြစ်ခဲ့ပါဘူး   ကျွန်တော်တို့ရဲ့ မိသားစုဝင်ဖြစ်တာကြောင့်မို့  သူ့ကို စောင့်ရှောက်ပေးပါ    "

လေတိုက်သံ တဝှီးဝှီးကိုဖောက်ထွက်လျက်  ထွက်လာသည့်အသံက တည်ငြိမ်အေးဆေးစွာပင်...တသ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် မတ်တပ်ရပ်လျက် လက်နှစ်တို့ကလည်း တစ်ယောက်နှင့်တစ်ယောက် ဆုပ်ကိုင်ထားလျက်ပင်.....

. . . .

ကျွန်တော်တို့ပြန်လာတော့ လာရာလမ်းလေးက အမှောင်အတိပင်  ဝါးရုံတောကြီးထဲမှလည်း ပိုးပရစ်သံတို့က ညံထွက်လျက်  မှောင်မိုက်နေသည့် လမ်းမပေါ်ထက်  ကားမီးရောင် က  မှောင်မိုက်မှုတို့ကို  ထိုးဖောက်လျက်  ....

"  ကိုယ်တို့  လျှောက်လည်ကြမလား "

"  တော်ပြီ မိုးအရမ်းချုပ်နေပြီ "

"လုပ်ပါ ရှိုင်းက လည်း ကိုယ်ကမသွားခင်လေး ကိုယ့် ညီလေးနဲ့ လျှောက်လည်ချင်သေးတာကို"

"ပြီးရော   ၁နာရီ ၁နာရီ ဘဲ ရမယ်"

"ဟာ ၁နာရီက  ကားရပ်ပြီး ဆိုင်ထဲဝင်တာနဲ့တင်ပြည့်ပြီ"

"အဲ့တာဆိုလည်း မသွားတော့ဘူး"

"  ရှိုင်း ကလည်းကွာ ၁နာရီခွဲ တော့မပေးချင်ဘူးလား ၁နာရီက အရမ်းနည်းတယ်"

"မရဘူး  ကျွန်တော် Projectအတွက် ပြင်စရာတွေ အများကြီး ကျန်သေးတယ် ဒီည အပြီးလုပ်ရမှာ"

"ပြီးတာဘဲကွာ ဒါဆိုလည်း အချိန်၁နာရီ ကောင်းကောင်းအသုံးချလို့မယ် တစ်နေရာဘဲ သွားကြတာပေါ့"

နားခိုရာမှားတဲ့ လိပ်ပြာငယ်Where stories live. Discover now