🦋①③...Ⓤⓝⓘ

83 6 0
                                    

ဒီနေ့ကား ဟိန်းစက္ကတစ်ယောက် USထွက်မယ့်နေ့ပင်

မိုးလင်းကတည်းက ခရီးသွားမည့် သားကို တစ်ချိန်လုံး တတွတ်တွတ်ပြောနေသည့်စကားက ကြားရသူပင်    စိတ်မရှည်ချင်လောက်စရာ နိုးကတည်းက  ခနခနမှာကြားနေသည် . .

"သားရေ   မသွားခင်  အန်ကယ်လေးတို့ဆီ သွားနှုတ်ဆက်လိုက်အုံး "

ဧည့်ခန်းထဲတွင် ထိုင်နေသည့်မာမီက  ခပ်ကျယ်ကျယ် လှမ်းအော်၍ ထိုစကားကိုသာ သတိပေးပြောဆိုလာခြင်းကြောင့်    တော်တော်လေးစိတ်မရှည်ချင်တော့ပေ .

"    မာမီ   ကျွန်တော့်ကို အဲ့စကားပြောနေတာ ဘယ်နှခေါက်ရှိပြီလဲ  မနက်မိုးလင်းကတည်းကဘဲ  ကျွန်တော်  အချိန်ရရင် သွားတွေ့ပါ့မယ်လို့ "

"အင်းပါ သားရယ်အချိန်လေးရအောင်တော့လုပ်"

"  . . . . "

မနေ့ညက ခရီးသွားဖို့ပြင်စရာရှိတာပြင်ရင်း မနက် ၂နာရီကျော်မှ အိပ်ခဲ့ရသည်မို့ မနက်ပိုင်း ဟိုကောင်လေးတောင် ကျောင်းလိုက်မပို့နိုင်လိုက်သည်အထိ အိပ်ရာထနောက်ကျသွားသည် ။
မသွားခင်  ဟန်ပြသက်သက် သေချာပေါက် မျက်နှာချင်းဆိုင်တွေ့ကာ နှုတ်ဆက်ဖို့လုပ်ထားသော်လည်း ကျောင်းကိုခွင့်တစ်ရက်လေးတောင်မယူသည့်  ဆေးကျောင်းသားနှင့် အိပ်ရာထ နောက်ကျသည့် ကျွန်​ေတာ် နဲ့တော့  ဤနေရာမှာ စလွှဲတော့တာပါဘဲ ။

ထို့ကြောင့်   ငယ်ပေါင်းကြီး ဇော်လွင်သန့်ကိုသာနေ့လည်စာလိုက်ကျွေးရင်း   သေသေချာချာ နှုတ်ဆက်ခဲ့ရတော့မည်။

~~~~~~

Ring. . .

အိပ်ရာထနောက်ကျသည်မို့  အခုမှရေချိုးသန့်စင်ကာ ထွက်လာချိန်   ဖုန်းRingtoneသံကြောင့်  ဖုန်းရှိရာ ကုတင်ဆီသို့ ဉီးတည်လိုက်ပြီး  ခေါင်းအုံးဘေးမှ ဖုန်းအားယူကာ Screenအားကြည့်လိုက်တော့  ဂြိုလ်ကောင်ဟိန်းစက္ကဖြစ်နေသည်မို့  မနေ့ကဖြစ်သမျှကိစ္စတွေပြန်တွေးပြီး ရှက်စိတ်နှင့်ဒေါသက  တစ်ချိန်တည်းမှာ ဒွန်တွဲလျက်  ။

"  ဇော်လွင်သန့်   ဆေးရုံရောက်ပြီလား "

"မသွားရသေးဘူး မနေ့ညက အိပ်တာနောက်ကျလို့အခုမှ  နိုးတာ ငါ့ကို ဖုန်းဆက်တာ ဘာကိစ္စရှိလို့တုန်း "

နားခိုရာမှားတဲ့ လိပ်ပြာငယ်Where stories live. Discover now