လေတိုးရာယိမ်းနေသည့်မြက်ရိုင်းပင်ကြီးများက မြေကြီးသို့ပင် ထိစပ်လုနီးနီး အုတ်ဂူဖြူဖြူကြီးရှေ့တွင်တော့ ကောင်လေးနှစ်ယောက်က မားမတ်စွာ ရပ်နေဆဲ ဆံနွယ်ဆံစများနှင့် ဝတ်ဆင်ထားသည်တို့ကလည်း လေတိုက်ရာ ဝဲလွှင့်လျက် . .
"အဖိုး နဲ့ အဖွား ကို ကျွန်တော် လာမိတ်ဆက်ပေးတာ ဒါက ကျွန်တော်တို့မျိုးရိုးရဲ့ အငယ်ဆုံးဆက်ခံသူပါ နာမည်က ရှိုင်းသော်တာပါ အရင်ကတည်းက မိတ်ဆက်ပေးဖို့ လုပ်ခဲ့ပေမယ့် အကြောင်းအရင်းတချို့ကြောင့် မလာဖြစ်ခဲ့ပါဘူး ကျွန်တော်တို့ရဲ့ မိသားစုဝင်ဖြစ်တာကြောင့်မို့ သူ့ကို စောင့်ရှောက်ပေးပါ "
လေတိုက်သံ တဝှီးဝှီးကိုဖောက်ထွက်လျက် ထွက်လာသည့်အသံက တည်ငြိမ်အေးဆေးစွာပင်...တသ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် မတ်တပ်ရပ်လျက် လက်နှစ်တို့ကလည်း တစ်ယောက်နှင့်တစ်ယောက် ဆုပ်ကိုင်ထားလျက်ပင်.....
. . . .
ကျွန်တော်တို့ပြန်လာတော့ လာရာလမ်းလေးက အမှောင်အတိပင် ဝါးရုံတောကြီးထဲမှလည်း ပိုးပရစ်သံတို့က ညံထွက်လျက် မှောင်မိုက်နေသည့် လမ်းမပေါ်ထက် ကားမီးရောင် က မှောင်မိုက်မှုတို့ကို ထိုးဖောက်လျက် ....
" ကိုယ်တို့ လျှောက်လည်ကြမလား "
" တော်ပြီ မိုးအရမ်းချုပ်နေပြီ "
"လုပ်ပါ ရှိုင်းက လည်း ကိုယ်ကမသွားခင်လေး ကိုယ့် ညီလေးနဲ့ လျှောက်လည်ချင်သေးတာကို"
"ပြီးရော ၁နာရီ ၁နာရီ ဘဲ ရမယ်"
"ဟာ ၁နာရီက ကားရပ်ပြီး ဆိုင်ထဲဝင်တာနဲ့တင်ပြည့်ပြီ"
"အဲ့တာဆိုလည်း မသွားတော့ဘူး"
" ရှိုင်း ကလည်းကွာ ၁နာရီခွဲ တော့မပေးချင်ဘူးလား ၁နာရီက အရမ်းနည်းတယ်"
"မရဘူး ကျွန်တော် Projectအတွက် ပြင်စရာတွေ အများကြီး ကျန်သေးတယ် ဒီည အပြီးလုပ်ရမှာ"
"ပြီးတာဘဲကွာ ဒါဆိုလည်း အချိန်၁နာရီ ကောင်းကောင်းအသုံးချလို့မယ် တစ်နေရာဘဲ သွားကြတာပေါ့"
".. . . .."
ရောင်စုံLED မီးလေးများ Dream Land ဆိုသည့် ဆိုင်းဘုတ်ကြီးတစ်ခုလုံးကို ရစ်နှောင်ကာ အလှဆင်ထားပြီး ထင်းရှုးပင်အတုကြီးအောက်တွင် ဆော့ကစားနေသည့်ဟန် ပုံဖော်ထားသည့် တိရိစ္ဆာန် လေးများမှာ မသိရင် အမှန်တကယ် အသက်ရှိသလိုပင် လွန်စွာမှ အသက်ဝင်လှ၏
YOU ARE READING
နားခိုရာမှားတဲ့ လိပ်ပြာငယ်
Paranormalစာရေးသူ၏စိတ်ကူးသက်သက် ဖန်တီးထားတာဖြစ်လို့ အပြင်လောကနှင့် အချိုးမကျနိုင်ပါ