🦋②...Ⓤⓝⓘ

248 11 3
                                    

"အမလေး သူဌေးလေးရေ လုပ်ပါအုံး"

ကြီးမေ၏ အလန့်တကြားအော်သံကား မိုးသံပြင်းပြင်းကိုပင်ဖောက်ထွက်လျက် ဟိန်းစက္ကတစ်ယောက် နှံ့နေသောခြေထောက်အောက်သို့ချကာ အပြေးသွားကြည့်မိတော့ ကြီးမေတစ်ယောက်မိုးရေထဲ၌သတိမရှိတော့သည့် ရှိုင်းသော်တာ၏ခေါင်းကို အသာလေးမကာ "သားငယ်ရှိုင်း သတိထားပါအုံး"ဟူသော စကားကိုသာ အရုပ်ကြိုးပျက်မျက်နှာနှင့်ပြောနေသည်ကို တွေ့လိုက်ရတော့ ဟိန်းစက္ကတစ်ယောက် ပြာပြာသလဲနှင့်ထီးပင်မယူနိုင်ပြေးသွားလိုက်သည်..
အနားသို့ရောက်သောအခါ ခြေထောက်တဖက်ဒူးထောက်လိုက်ပြီး ကြီးမေထံမှ ရှိုင်းသော်တာ၏ ပျော့ခွေနေသည့် ခန္ဓာကိုယ်လေးအား ပြာပြာသလဲဖြင့် အကြမ်းပတမ်း ဆွဲခေါ်လိုက်ကာ ရှိုင်း၏ ဒူးနှစ်ဖက်အောက်မှလက်တစ်ဖက်လျှို ရှိုင်းနောက်ကျောကိုလက် တစ်ဖက်ဖြင့်သိုင်း၍ပွေ့ချီကာမတ်တပ်ထရပ်လိုက်သည်

ကြီးမေကလည်းခြေမကိုင်မိလက်မကိုင်မိဖြင့် စကားကလည်းအထစ်ထစ် "သူ.သူဌေးလေး .သားငယ်ရှိုင်းက..."

စကားပင်မဆုံးလိုက် ဟိန်းစက္က၏ အသံကပို၍ပင်တုန်နေသလို

"တောက်ခ်.နောက်.နောက်မှ ရှင်းပြတော့ .ကြီးမေ"

အသံကားတုန်နေပေမယ့်လည်း ဗီဇအရ မာထန်နေ၏စိတ်တိုနေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်.ထို့နောက် ရင်ခွင်ထဲသတိမရှိသည့် ရှိုင်းငယ်အား မိုးစိုမှာစိုးရိမ်သည့်အလားတင်းတင်းကြပ်ကြပ်ဖက်ထားပြီး သူ့ခန္ဓာကိုယ်ကြီးဖြင့်အုပ်မိုး၍ခြေလှမ်းကျယ်ကြီးများနှင့် အိမ်ကြီးထဲသို့ ခပ်သွက်သွက်ပင် ဝင်လာခဲ့တော့သည်..ကြီးမေလည်း အိမ်မကြီးတံခါးကိုပိတ်၍ ခြံတံခါးသော့ကို နေရာတကျ ပြန်ချိတ်လိုက်ပြီး ဟိန်းစက္ကနောက်သို့ လိုက်ရန် ဟန်ပြင်နေစဉ် ဟိန်းစက္ကမှ "ကြီးမေ အဝတ်အစားတွေ အရင်လဲလိုက် ပြီးမှ တက်လာခဲ့"ဟုဆိုသဖြင့် မိမိအခန်းရှိရာ လှေကား မျက်နှာကြက်အောက်မှ အခန်းလေးဆီသို့ ဉီးတည်ရာပြောင်းရတော့သည်..

ဟိန်းစက္ကတယောက် ရှိုင်းအခန်းရှိရာ အပေါ်ထက်သို့တက်ရန် လှေကားထစ် ၃ဆင့်လောက် တက်ပြီးသောအခါ နောက်ပြန်လှည့်၍ "ကြီးမေ ခြံတံခါးသွားပြန်ဖွင့်ထားအုံး ဒေါက်တာ ဇော်လွင်သန့်ကို ကျွန်တော်ခေါ်ထားမှာမို့ ပြီးရင် သူသတိရလာရင်သောက်ရအောင် ကြက်သားစွပ်ပြုတ်လေး လုပ်ထားပေးပါ " ပြောလိုက်သည့်ပုံစံကား မည်သူ့ကိုမျှ အကူအညီ တောင်းခံနေသည့်ပုံမျိုးမဟုတ် လုပ်ကိုလုပ်ထားရမည်ဟု အဓိပ္ပါယ်သက်သက်ဖြင့်သာပြောခြင်းမျိုးပင် ဤသည်မှာလည်း မည်သူတစ်ဉီးတယောက်ကိုမျှ အကူအညီမတောင်းချင်သည့် ဟိန်းစက္က၏ ဘ၀င်လေဟပ်နေတဲ့ အကျင့်များထဲမှ တစ်ခုအပါအ၀င်ဖြစ်သည်..

နားခိုရာမှားတဲ့ လိပ်ပြာငယ်Where stories live. Discover now