🦋19... 🅄🄽🄸

39 7 0
                                    

Unicode

အရာရာတိုင်းဟာ   သူ့အကြောင်းပြချက်နှင့်သူ ဖြစ်တည်မှုဆိုတာရှိလာပြီးသား
လူတိုင်းမှာလည်း  သူ့အကြောင်းပြချက်နှင့်သူ  ချစ်ရသူ ဆိုတာ ရှိနိုင်စမြဲပဲ မလား

ကမ္ဘာပေါ်က ဘုရားရှင်တိုင်းက ကျွန်တော်တို့ လိုရာကို ပြောင်းလဲဖန်တီးနိုင်စွမ်းတွေမှ ပေးမထားဘဲ။ ဖြစ်သမျှအကြောင်း ကောင်းအောင်  ကြိုးစားနေရုံပေါ့။

လေဆိပ်မှာ အလွမ်းသယ်နေသူ နှစ်ယောက်က   အများအမြင်မှာ သမီးရည်းစားတွေအလား ဟိုထင်သည်ထင်   ထင်မိကြမှာ အမှန်။အတန်ကြာသည်အထိ ရပ်စောင့်နေရတုန်းပင်။

" ဖြူ ကိုယ်သွားတော့မယ်နော်"

"  ဟုတ်ပြီ ရှိုင်း ဘိုင့်"

ကားပေါ်ရောက်သည့်တိုင် စကားတစ်လုံးမျှ ပြောမလာဘဲ     ကားမှန်ပြင်မှကျော်လွန်ကာ အပြင်သို့ငေးနေလျက်ရှိသည်။

"ရှိုင်း   ကစားကွင်းသွားကြမလား"

" မင်း   အရမ်းအားနေလား ကလေးကုလားနဲ့ မသွားချင်ဘူး   "

" ဒါဆို ဘယ်သွားကြမလဲ"

" ဘယ်ကိုမှ မသွားချင်ဘူး အိမ်ကိုသာ မောင်းစမ်းပါကွာ"

" ပြီးရော"

သူ့သဘောအတိုင်း အိမ်ကိုသာ လိုက်ပို့ပေးလိုက်သည်။ အိမ်ရောက်သည်နှင့် နှုတ်ဆက်ခြင်းမရှိ  လှည့်ထွက်သွားနိုင်သူကိုတော့ အပြစ်မပြောမိ။

အချစ်မှာ  ကျရှုံးခြင်းဘဲ  ဒီလောက်တော့ ခံစားနေရရှာမှာပေါ့။

နားလည်ပေးနိုင်ပါတယ်။
ကိုယ်ချင်းစာပေးနိုင်ပါတယ်လေ။

သို့ပေမယ့်  ပျော်မိတယ် အနည်းဆုံး သူ့အနားမှာ သူချစ်ရတဲ့ သူမ ရှိမနေတော့ဘူးလေ ။
သူ့ကိုသိပ်ချစ်ရတဲ့ ကျွန်တော်တစ်ယောက်ဘဲရှိတော့တာမို့။

အတ္တကြီးမိသွားသလား။

ကျွန်တော့်ရဲ့ ထင်မြင်ချက်က တက်တက်စင်အောင်လွှဲသွားခဲ့လေပြီ။

ခါတိုင်းနှစ်တွေလို   ကျောင်းတက်ရတာ ပျော်စရာကောင်းမလာတော့။

နားခိုရာမှားတဲ့ လိပ်ပြာငယ်Waar verhalen tot leven komen. Ontdek het nu