ဒီနေ့ကား ဟိန်းစက္ကတစ်ယောက် USထွက်မယ့်နေ့ပင်
မိုးလင်းကတည်းက ခရီးသွားမည့် သားကို တစ်ချိန်လုံး တတွတ်တွတ်ပြောနေသည့်စကားက ကြားရသူပင် စိတ်မရှည်ချင်လောက်စရာ နိုးကတည်းက ခနခနမှာကြားနေသည် . .
"သားရေ မသွားခင် အန်ကယ်လေးတို့ဆီ သွားနှုတ်ဆက်လိုက်အုံး "
ဧည့်ခန်းထဲတွင် ထိုင်နေသည့်မာမီက ခပ်ကျယ်ကျယ် လှမ်းအော်၍ ထိုစကားကိုသာ သတိပေးပြောဆိုလာခြင်းကြောင့် တော်တော်လေးစိတ်မရှည်ချင်တော့ပေ .
" မာမီ ကျွန်တော့်ကို အဲ့စကားပြောနေတာ ဘယ်နှခေါက်ရှိပြီလဲ မနက်မိုးလင်းကတည်းကဘဲ ကျွန်တော် အချိန်ရရင် သွားတွေ့ပါ့မယ်လို့ "
"အင်းပါ သားရယ်အချိန်လေးရအောင်တော့လုပ်"
" . . . . "
မနေ့ညက ခရီးသွားဖို့ပြင်စရာရှိတာပြင်ရင်း မနက် ၂နာရီကျော်မှ အိပ်ခဲ့ရသည်မို့ မနက်ပိုင်း ဟိုကောင်လေးတောင် ကျောင်းလိုက်မပို့နိုင်လိုက်သည်အထိ အိပ်ရာထနောက်ကျသွားသည် ။
မသွားခင် ဟန်ပြသက်သက် သေချာပေါက် မျက်နှာချင်းဆိုင်တွေ့ကာ နှုတ်ဆက်ဖို့လုပ်ထားသော်လည်း ကျောင်းကိုခွင့်တစ်ရက်လေးတောင်မယူသည့် ဆေးကျောင်းသားနှင့် အိပ်ရာထ နောက်ကျသည့် ကျွန်တျော နဲ့တော့ ဤနေရာမှာ စလွှဲတော့တာပါဘဲ ။ထို့ကြောင့် ငယ်ပေါင်းကြီး ဇော်လွင်သန့်ကိုသာနေ့လည်စာလိုက်ကျွေးရင်း သေသေချာချာ နှုတ်ဆက်ခဲ့ရတော့မည်။
~~~~~~
Ring. . .
အိပ်ရာထနောက်ကျသည်မို့ အခုမှရေချိုးသန့်စင်ကာ ထွက်လာချိန် ဖုန်းRingtoneသံကြောင့် ဖုန်းရှိရာ ကုတင်ဆီသို့ ဉီးတည်လိုက်ပြီး ခေါင်းအုံးဘေးမှ ဖုန်းအားယူကာ Screenအားကြည့်လိုက်တော့ ဂြိုလ်ကောင်ဟိန်းစက္ကဖြစ်နေသည်မို့ မနေ့ကဖြစ်သမျှကိစ္စတွေပြန်တွေးပြီး ရှက်စိတ်နှင့်ဒေါသက တစ်ချိန်တည်းမှာ ဒွန်တွဲလျက် ။
" ဇော်လွင်သန့် ဆေးရုံရောက်ပြီလား "
"မသွားရသေးဘူး မနေ့ညက အိပ်တာနောက်ကျလို့အခုမှ နိုးတာ ငါ့ကို ဖုန်းဆက်တာ ဘာကိစ္စရှိလို့တုန်း "
YOU ARE READING
နားခိုရာမှားတဲ့ လိပ်ပြာငယ်
Paranormalစာရေးသူ၏စိတ်ကူးသက်သက် ဖန်တီးထားတာဖြစ်လို့ အပြင်လောကနှင့် အချိုးမကျနိုင်ပါ