"ကျွန်မသားလေးကို ကယ်ကြပါအုံးရှင်"
"ကယ်ကြပါအုံး ဆရာတို့ရယ်"
"ကျွန်မသားလေး ကျွန်မသားလေး ရက်သားဘဲရှိသေးတာပါ"
ဆေးရုံlobby၌ ဆူညံ့ပွတ်နေသည်က မိခင်တစ်ယောက်ရဲ့ အော်ဟစ်အကူအညီတောင်းနေသံ။ Nurseတော်တော်များများက အပြေးအလွှားရောက်လာပေမယ့် ဆရာဝန်များကတော့ ရောက်မလာသေး။
ကျွန်တော်နှင့် Nikသာ နေ့ခင်းပိုင်းအတန်းအတွက် အခုမှရောက်လာခြင်းဖြစ်သည်။အပေါ်ထက်သို့မတက်မီ ထိုအမျိုးသမီး၏ အော်ဟစ်အကူအညီတောင်းသံကို ကြားရခြင်းဖြစ်သည်။
သွားကြည့်လိုက်တော့ မိခင်၏ရင်ခွင်ထဲမှကလေးက အလွန်ငယ်သေး၏။သူမပြောသလို ရက်သားပင်ရှိအုံးမည်ထင်သည်။
ဆရာဝန်များကနေ့လည်နားချိန်ဖြစ်သောကြောင့် တာဝန်ကျဆရာဝန် အချို့သာရှိ၏။ အတန်ကြာမှဆရာဝန်တစ်ယောက်နှစ်ယောက်လောက် ပြေးလာပြီး ထိုအမျိုးသမီးရင်ခွင်ထဲမှ ကလေးငယ်အား NICUခန်းသို့ ခေါ်သွားကြ၏။
ကျွန်တော်နှင့်Nikလည်း ကလေးငယ်၏ အခြေအနေကို သိချင်တာကြောင့် လိုက်သွားလိုက်မိ၏။
NICUခန်းအတွင်း၌တော့ ကလေးငယ်၏ ငယ်သံပါအောင် စူးစူးပေါက်ပေါက် အော်ငိုသံက NICUခန်းအပြင်ဘက်မှ မိခင်၏ နှလုံးသားတော့ မည်သို့ခံစားနေရသည်မသိ ကျွန်တော်ပင် ငိုချင်လာမိ၏။
ကျွန်တော်တို့လည်း ဆရာဝန်များကြားများမှDuty coadနှင့်မို့ သတိထားမိကြပုံမပေါ်။ ရောရောင်ကာ လိုက်သွားပြီး ကလေးငယ်အားကြည့်လိုက်တော့ ကျွန်တော် လေ့လာထားရသလောက်ဆို ကလေးငယ်က သာမန်အတွင်းတက် တက်နေခြင်းသာဖြစ်သည်။ သို့သော် ဆရာဝန်တွေထိုးဖို့လုပ်နေသည့် ဆေးများကမဆီမဆိုင် မွေးရာပါရောဂါရှိသည့် ကလေးလူနာများအတွက်ဆေးသာဖြစ်သည်။
ထို့ကြောင့်ကျွန်တော်လည်း ဆေးစင်ပေါ်မှLorazepam Anticonvulsanပုလင်းအားမြန်မြန်ယူကာ ဆေးထိုးအပ်ဖြင့် ချိန်ဆလိုက်ပြီးကလေးငယ်အား သွင်းမည်လုပ်တော့ ခပ်ကြမ်းကြမ်းဆောင့်တွန်းခြင်းခံလိုက်ရသောကြောင့် ကြမ်းပြင်၌ ထိုင်လျက်သားလဲကျသွားသည်အထိ။
ΔΙΑΒΑΖΕΙΣ
နားခိုရာမှားတဲ့ လိပ်ပြာငယ်
Μεταφυσικέςစာရေးသူ၏စိတ်ကူးသက်သက် ဖန်တီးထားတာဖြစ်လို့ အပြင်လောကနှင့် အချိုးမကျနိုင်ပါ