အပိုင်း - ၃။

1.6K 98 4
                                    

"တီတီယမင်း မေးစရာရှိလို့..."

ဖုန်းသုံးနေခိုက် တူမတော်ဆီကထွက်လာသည့်အသံ။ ဒီအခေါက်ဘာအကြောင်းမေးမလဲမသိ။ အကြင်နာမေးတာရှားမှရှား။ အကြင်နာကိုထူးဆန်းသလိုတစ်ခနကြည့်ပြီးမှ ပြန်အကြောင်းပြန်သည်။

"ထူးထူးဆန်းဆန်း။ ကဲမေးမေး...ဘာမေးမို့လဲ။"

တီတီယမင်းအား ပြောပြီးမှ မမေးရင်ကောင်းမလား
မေးရင်ကောင်းမလားဟုစိတ်နှစ်ခွဖြစ်နေလျက်။ ပြီးမှဒါလေးမေးတာ ဘာကိစ္စ့မှမရှိပါဘူးဆို၍ မေးဖို့ပြင်သည်။

"ဟိုဟာလေ ... တီတီ့သူငယ်ချင်းအသက်သိချင်လို့။"

"ဟင်တီတီ့သူငယ်ချင်း?။ ဘယ်သူ့ကိုပြောတာလဲ။"

"ဟာတီတီယမင်းကလဲ...တီချယ်ပန်းခက်ဝါကိုပြောတာလေ။"

ထိုအခါမှ တီတီကသိသွားဟန်။

"အကြင်နာရယ်ရှင်းရှင်းမှမပြောပဲတီတီ့မှာသူငယ်ချင်းကခက်ပဲရှိတာမဟုတ်တာ။ နေဦးဘာလို့သိချင်ရတာလဲ။"

တီတီယမင်းပြန်မေးလာတာကြောင့် အကြင်နာဖြေရကျပ်နေသည်။ အကြင်နာဘာလို့သိချင်လဲ ကိုယ်ကိုတိုင်လဲမသိ။

"အဲ့ဒါက...ဒီတိုင်းပါပဲ။ တီတီနဲ့အသက်ဘယ်လောက်ကွာလဲသိချင်တာ။"

"ခက်က၃၈ တီတီနဲ့ရွယ်တူပဲလေ။"

၃၈။ ကြားကြားချင်းအံသြရပြန်သည်။ အမှန်တကယ်တီတီ့ထက်ငယ်မယ်ထင်ခဲ့တာ။

"တီတီ့ထက်ငယ်တယ်ထင်တာ...အတော်နုတာပဲ။"

"ဟုတ်တယ်အကြင်နာရဲ့။ ခက်ကနုတယ်။ ငယ်ငယ်ကဆိုကြိုက်တဲ့လူမှအများကြီး။ ပြီးတော့လက်ထပ်မဲ့လူလဲရှိတာကိုခက်က ငြင်းထားတုန်းကွယ်။"

တီတီပြောပုံဆို ငယ်ငယ်ကတော်တော်လှမဲ့ပုံ။ ဟုတ်လဲဟုတ်ပါသည်လေ။ အခုတောင် တခါတခါကျောင်းမှာ ကျောင်းသားအပြင် အချို့ကျောင်းသူတွေပါ ငေးတဲ့ထိ၊ နှုတ်ကနေ တော်တော်လှတာပဲ ပြောတဲ့အသံတွေ ကြားရတာအမြဲပါပဲ။ ဘာလို့များယခုထိ တစ်ယောက်ထဲနေလဲမသိ။ သူ့ရုပ်ရည်၊ အရည်အချင်းဖြင့် ဘယ်ယောကျ်ားမဆိုခေါင်းခေါက်ရွေးလို့ရသည်လေ။

ချစ်မိသွားချိန်၌Where stories live. Discover now