အပိုင်း - ၂၃။

1.2K 111 9
                                    

ခြံထဲ၌ထိုင်ပြီး တီတီယမင်းအလာကိုစောင့်နေရတာလည်ရှည်တော့မည်ဖြစ်သော အကြင်နာ။ တီတီကမနက်ထဲက တီချယ်နှင့်အတူတရားရုံးလိုက်သွားတာသိရ၏။

" နင်ထိုင်နေတာ ၈နာရီထဲကနော် ၉နာရီတောင််ထိုးတော့မယ် ဘာလုပ်နေတာလဲ။ "

မေမေမှထွက်လာကာ အကြင်နာ့ကိုပြောသည်။ အကြင်နာဘယ်လိုပြန်ဖြေရမှန်းမသိပဲ ပါးစပ်ပိတ်နေသည်။

" ဝစီဖိတ်ကျင့်နေတာလား ... "

" ဟာ .. မေမေကလဲ "

" နင်ကဘာမှလဲပြန်မဖြေဘူးလေ ဘာလုပ်နေတာလဲ "

ဒုက္ခပဲ။ ထွက်ထိုင်နေတာကို ဘယ်လိုပြန်ဖြေရမလဲ စဥ်းစားမိနေသေးသည်။ ပျင်းလို့ထွက်ထိုင်တာဆို ပြီးပြီကို အကြင်နာမေ့နေတာ။

" အာ..ပျင်းလို့လေ "

" မနက်စာ မစားဘူးလား "

" မစားတော့ပါဘူးမေမေ "

မေမေက ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် သူ့ပန်းပင်ကိုရေလောင်းနေရှာပြန်သည်။ ခဏကြာတော့ မျှော်နေတဲ့ တီတီ့ကား အိမ်ရှေ့ ရောက်လာသည်။ တီတီရောက်တာနှင့် မေမေကထိပ်ဆုံးကနေ စတင်မေးမြန်းပါတော့သည်။ အကြင်နာတောင်တီချယ့်အကြောင်းမေးချင်တာမေးမရ။ တီတီပြောတဲ့စကားထဲ ခက်ဝါအဆင်ပြေသွားပြီ ဟုကြားလိုက်ရသဖြင့် ပျော်သွားသလိုတော့ရှိသည်။

မေမေနဲ့စကားပြောအပြီး အိမ်ထဲဝင်တော့မည့် တီတီ့အား သိချင်စောဖြင့် မေးလိုက်သည်။

" တီတီယမင်း! အဆင်ပြေလား.."

" နေပါဦး မောလွန်းလို့ရေအရင်သောက်ပါရစေ.."

ပြောပြီးအထဲဝင်သည့် တီတီ့နောက်ကိုလိုက်လာလိုက်သည်။ အခုအချိန်မှမမေးရင် ဘယ်အချိန်မေးမှာလဲ။ မေမေက လာရင်လဲဘာလို့ခက်ဝါအကြောင်းမေးနေရတာလဲ ဆိုပြီးပြောပြန်ဦးမည်။ မေမေကတီတီ့ကြောင့် အကြင်နာ တီချယ့်အပေါ်ဘယ်လိုစိတ်နဲ့လဲဆိုတာ ရိပ်မိနေလောက်သည်။

" ပြောပါတော့ တီတီရေ! အခုတီချယ်ဘာဖြစ်သွားပြီလဲ။ "

" ကွာရှင်းပြီးပြီ ၊ အကုန်အဆင်ပြေသွားပြီ။ ဒီနေ့သူ့မွေးနေ့ ငါတို့ခက်ဝါဆီသွားမှာ...နင်ကလိုက်မလိုက်သဘောနော်.."

ချစ်မိသွားချိန်၌Dove le storie prendono vita. Scoprilo ora