အပိုင်း - ၅။

1.3K 93 1
                                    

ယနေ့ပိတ်ရက်မို့ တီချယ့်အိမ် တီတီယမင်းနှင့်ရောက်ရှိလို့နေသည်။ တီတီယမင်းဖြင့် တီချယ်ဟာမီးဖိုချောင်ဝင်နေလေသည်။ ရှေ့၌ အကြင်နာခွန်းဟာတော့ တီဗီကြည့်ရင်ပျင်းနေသည်။ ခနအကြာ တီချယ်ပဲရှေ့သို့ထွက်လာပြီး တီတီဟာတော့ ထွက်မလာသေး။

"အကြင်နာပျင်းနေရောပေါ့။ ခနနေ သမီးသူငယ်ချင်းလဲလာတော့မှာ။"

"သမီးသူငယ်ချင်း?။ ဘယ်သူလဲတီချယ်။"

"လွန်းကိုပြောတာလေ။ သောကြာနေ့က တီချယ်နဲ့ဖုန်းပြောဖြစ်တော့ စကားစပ်မိပြီးခေါ်လိုက်တာ။"

ဖုန်းပြောဖြစ်တယ်တဲ့။ ဒါတွေကိုလွန်းဟာ မပြောပါ။ သူ့ကိုကြည့်ရင်ပဲ တီချယ်နဲ့မရင်းနှီးသလိုလိုနဲ့ ဖုန်းနံပါတ်ပါ ရှိတယ်ဆိုရင်ဖြင့် အတော်လေးကို ရင်းနှီးနိုင်နေလောက်ပါတယ်။

"နောက်အပတ်ဆို အကြင်နာတီချယ့်ဆီမှာစာလာသင်ရတော့မှာနော်။"

အနိုင်ရသလို မျက်နှာထားလေးနဲ့ပြောလာတဲ့ ရှေ့ကတီချယ်ဟာဆိုရင် တကယ်ချစ်စရာ။

"နှစ်ရက်ထဲလေနော် တီချယ်ရဲ့။ အေးဆေးပါ။"

"ဒါဆိုတစ်ပတ်လုံးသင်ဖို့ မင်းအမေကိုပြောလိုက်ရမလားပြော။"

"စတာလေတီချယ်။ တစ်ပတ်ကြီးတော့မလုပ်ပါနဲ့။"

ထိုအခါမှ ပြန်ရယ်တဲ့တီချယ်။ သူများကိုသာကလေးကလေးဖြင့် သူကသာလျှင်အမှန်တကယ် ကလေးလိုဖြစ်နေတာ။ လိုချင်တာရဖို့လဲ အကျပ်ကိုင်တက်သေးသည်။

တီချယ်နဲ့ စကားကောင်းတုန်းက အိမ်ရှေ့ကဘဲလ်သံကြောင့် တီချယ်ဟာ ထ၍သွားသည်။ သေချာပေါက်လွန်း တစ်ယောက်ရောက်လာခဲ့ပြီပဲ။ အရင်ကဆို လွန်းနှင့် တူတူရှိရင် ပျော်ပေမယ့်အခုနောက်ပိုင်းထိုသို့မဟုတ်လာတော့ပါ။

လွန်းဖြင့်တီချယ် အိမ်ထဲသို့ဝင်လာသည်မှာ ပြုံးပြုံးရွှင်ရွှင်ဖြင့်။ အကြင်နာနောက်ဆုတ်သင့်လားမပြောတက်။ နှစ်ယောက်ကိုကြည့်ရင်း အကြင်နာခံစားချက်တွေ ရောထွေးလာရသည်။

"သမီးတို့စကားပြောနှင့်ကြဦး...တီချယ်အနောက်မှာသွားကူပေးလိုက်ဦးမယ်။"

ချစ်မိသွားချိန်၌Where stories live. Discover now