အပိုင်း - ၂၆။

1.5K 123 12
                                    

ခြံရှေ့တွင် နာရီဝက်အကြာစဥ်းစားပြီးနောက် အိမ်ထဲသို့ ရောက်ရှိလာခဲ့သည်။ အိမ်ထဲဝင်တော့ မေမေလဲပြန်ရောက်နေ၍ ဧည့်ခန်းမှာ ထိုင်နေသည်ကိုတွေ့ရသည်။ မျက်လုံးကိုလှည့်ပတ်ကာ အနီးအနားတီတီ့အား ရှာပေမယ့်မတွေ့။

" ဘယ်တွေသွားနေတာလဲအကြင်နာ "

" အပြင်ခဏပါမေမေ။ တီတီကော။ "

" သူ့အခန်းထဲမှာလေ "

လှေကားပေါ်ကနေ တက်လာပြီးနောက် ဦးတည်ရာက တီတီရဲ့ အခန်းကိုသာ။ အခန်းရှေ့ရောက်သွားခဲ့ပေမယ့် ဝင်ဖို့ကိုတွန်းဆုတ်နေပြန်သည်။ တီတီ့အား စိတ်ဆိုးနေသော်လည်း ကိုယ့်အဒေါ်ကို ရိုင်းပြပြောဆိုမိတာတွေအတွက် တောင်းပန်ဖို့ ဝင်ကိုဝင်ရမည်။

* ဒေါက် ဒေါက် *

" ဝင်ခဲ့ "

နဂိုပြောနေကျလေသံနဲ့မဟုတ်တာကြောင့် ဝင်ဖို့ကိုတောင် တန့်သွားရသည်။ ဒီအသံအနေအထားဖြင့်ဆို တီတီဟာ အရမ်းစိတ်ဆိုးနေပုံရသည်။ သက်ပြင်းတစ်ချက်ချလိုက်ကာ အရဲစွန့်ပြီး တံခါးဖွင့်ကာဝင်လိုက်သည်။

အခန်းထဲရောက်တော့ အိပ်ရာပေါ်မှာထိုင်နေတဲ့ တီတီ့ကိုတွေ့ရသည်။ အကြင်နာ့ကိုလဲမြင်တာနှင့် တစ်ချက်ပဲကြည့်ကာ ဘာမှပြန်မပြောပေ။

" တီတီယမင်း ... အကြင်နာ မနက်ကိစ္စအတွက် တောင်းပန်ပါတယ် "

" ... "

ဘာမှပြန်မပြောသည့် တီတီ။ စကားလာဦးမလားဟု စောင့်နေသော်လည်း ဘာသံမှပြန်မလာတာနဲ့ အသံနဲနဲမြင့်ကာ ထပ်ခေါ်လိုက်သည်။

" တီတီ! .. "

" ပြောမှာကဒါပဲမဟုတ်လား။ ထပ်ပြီး ဘာမှပြောစရာမရှိတော့ရင် သွားတော့..."

ထိုသို့ပြောလိုက်ကော တီတီကြောင့် အံသြရသလို ဝမ်းလဲနည်းရသည်။ တစ်ခါမှတီတီဟာ အကြင်နာ့ကိုထိုလေသံမျိုးဖြင့် မပြောဖူးသေးခဲ့ပါ။ လွန်းကြောင့် အခြေနေတွေ ဒီလိုဖြစ်သွားတယ်ဆိုတာ တွေးရင်း ဒေါသထွက်လာသည်။ အကြင်နာလဲမနေချင်တာကြောင့်ပြောတဲ့အတိုင်းထွက်လာခဲ့လိုက်သည်။ အခန်းအပြင်ကိုထွက်လာပေမယ့် စိတ်ထဲကတော့ တီတီ့ကိုကျေနပ်နေခြင်းမရှိပဲ တီချယ် လာခေါ်ဖို့သာအမြန်ဆုတောင်းနေလိုက်သည်။

ချစ်မိသွားချိန်၌Where stories live. Discover now