အပိုင်း - ၃၂။

874 90 3
                                    

အကြင်နာသည်ယနေ့မှ အိမ်ကိုနောက်ကျစွာပြန်ရောက်ရှိခဲ့သည် ။ အချိန်အားဖြင့် ၈ခွဲကျော်နေလေပြီ ။ အိမ်ကိုရောက်တော့ အရင်ကနှင့်မတူ ထူးဆန်းစွာ တိတ်ဆိတ်နေလျက်ရှိသည် ။

အကုန်လုံးကိုလဲ မတွေ့ ။ ကြည့်ရတာ သူတို့အခန်းမှာသူတို့ရှိနေသည်ဟုထင်၍ အပေါ်ထပ်သို့ တက်ခဲ့လိုက်တော့သည် ။

အိပ်ခန်းထဲကိုဝင်မိတာနှင့် လက်ကအရင်ဆုံးဖုန်းကိုသာလှမ်းမိသည် ။ လက်ကလျင်မြန်စွာ 'တီချယ်' ဟုမှတ်ထားသော ဖုန်းနံပါတ်ကိုနှိပ်လိုက်သည် ။

တူတူတူ ဆို၍ဖုန်းဝင်သွားသည့် အသံကြားတာနှင့် ပျော်နေသည် ။ ခွဲလာရတာ ဘယ်လောက်မှမကြာသေးပေမယ့် လူက လွမ်းနေပြီ ။ နဲနဲလေးမှခွဲနေချင်တာ မဟုတ် ။

ဖုန်းဝင်သွား၍ တစ်ဖက်ကအသံလေးကြားတော့ အကြင်နာ့နှုတ်ခမ်းတွေ အလိုလိုပြုံးမိသွားသည် ။

" ဖုန်းကိုင်တာ ကြာလိုက်တာ တီချယ်ရယ် "

အမှန်တော့ဖုန်းသံကြားတာနှင့် ခက်ဝါဖုန်းကို ကောက်ကိုင်လိုက်တာပင် ။ ဒါကိုကြာသည် ပြောသော အကြင်နာသည် အနားတွင်ရှိရင်တကယ်မလွယ် ။

" ဖုန်းသံကြားတာနဲ့ တို့လဲချက်ချင်း ကိုင်လိုက်တာကို ... ဘာကိုကြာတာလဲပြော "

" သိပြီနော် .. မကြာပါဘူး ။ အကြင်နာစိတ်လောသွားတာ ။ စိတ်လျှော့အပျိုကြီး .. အာ မှားလို့ အကြင်နာ့တီချယ်က အပျိုကြီးမဟု-"

" အကြင်နာ !! "

တစ်ဖက်စူးခနဲကြားရသည့်အသံကြောင့် ဖုန်းကိုပင်နာကနေ ခဏတာခွာလိုက်ရသည့် အဖြစ်ပါ ။

" ဖြေးဖြေးအော်ပါတီချယ်ရယ် ။ အကြင်နာ့ နားတော့ သနားပါတယ် ။ တီချယ်မသနားဘူးလား "

" မသနားဘူး .. နဲတောင်နဲသေးတယ် ။ ထပ်မပြောနဲ့ အဲ့ကိစ္စ့ကို "

" ရပါတယ် အခုတော့ဒီလိုဖြစ်သွားပြီးပေါ့တီချယ်က ။ မနက်ဖြန် တွေ့မယ် "

" မနက်ဖြန် အိမ်မှာမရှိဘူးနော် ။ အပြင်သွားမှာ "

အမှန် မနက်ဖြန်ဘယ်မှသွားစရာမရှိ ။ အကြင်နာ့ကိုကြောက်လို့သာ ထိုသို့ပြောလိုက်ခြင်း ။

ချစ်မိသွားချိန်၌حيث تعيش القصص. اكتشف الآن