အပိုင်း - ၁၉။

1.3K 114 7
                                    

အကြင်နာရောက်ထဲက ဘာအလုပ်မှမလုပ်ရ။ အိမ်မှာပဲတစ်နေကုန် အချိန်ထိုင်ဖြုန်းနေသည်။ ဟိုမှာဆို ပင်ပန်းတာတော့ အမှန်။ မေမေတို့ကတော့ နားလည်သဖြင့် ဘာမှသိပ်မပြော။ ဖေဖေကတော့ သူစီပွားရေးကိစ္စတွေ လိုက်လေ့လာဖို့တိုက်တွန်းသည်။ ပြီးရင် ဖေဖေ့ ကုမ္ပဏီကိုအမွေဆက်ခံရမှာက အကြင်နာပဲကို။

ရေချိုးပြီး အပြင်ထွက်လာတော့ ဖုန်းကလာပြန်သည်။ ဘယ်သူလဲ သွားကြည့်တော့ အေရီ။ အေရီနဲ့ အချိန်တွေ မကိုက်တာကြောင့် ဖုန်းသေချာမပြောဖြစ်တော့ အကြင်နာကိုင်လိုက်သည်။

" ဟယ်လို "

" ဒါလင်စပရိုက်!!။ လေဆိပ်ကိုလာကြို။ ဒါလင်တို့နိုင်ငံရောက်ပြီ.."

" ဟင်! အခုလား။ အင်းအင်းလာပြီ။ "

အကြင်နာတောင် ရောက်တာတစ်ပတ်မပြည့်သေး။ အေရီချက်ချင်း ကြီးရောက်ချလာတော့ အံသြမိသည်။ ရေချိုးထားလိုက်လို့တော်သေးသည်။ အင်္ကျီနှင့် ဘောင်းဘီ ကောက်ဝတ်ကာအမြန် လေဆိပ်ကို ဖေဖေ့ကားယူ၍ လာခဲ့လိုက်တော့သည်။

အခုမှ ကားလမ်းကလဲ ကျပ်နေသယောင်။ လေဆိပ်ရောက်ဖို့ နေရာနဲနဲပဲလိုတော့မှ ကားတွေက ရွေ့မရအောင်ပင်ကျပ်သည်။ အကြင်နာလဲ ကားကို လွတ်ရာလမ်း ဘေးကပ်ထိုး၍ လမ်းဆင်းလျှောက်ခဲ့လိုက်တော့သည်။ Main လမ်းမကြီးဆိုတော့ဘေး၌ ဆိုင်တွေအများအစားရှိသည်။ လေဆိပ်နဲ့လဲ နီးတာကို။ အကြင်နာ လမ်းလျှောက်စဥ် ဆိုင်တစ်ဆိုင်၌ နေကြာပန်းလေးကို မျက်စိကျသွားရသည်။

ချက်ချင်း အေရီကနေကြာပန်းကြိုက်တာ သတိရသွားသည်။ ဒါကြောင့် သူ့တွက်ဝယ်သွားမယ်ဟုတွေးရင်း ဆိုင်လေးထဲမှာ တစ်ပွင့်ထဲ ကျန်တော့တဲ့ နေကြာပန်းကို ကောက်ယူချိန် လက်တစ်ဖက်နဲ့ ဆုံသည်။

ပြိုင်တူထိမိလိုက်တော့ ဘယ်သူယူလို့ယူရမှန်းမသိ။ နှစ်ယောက်လုံး လက်တွေပြန်ယုတ်လိုက်ကြသည်။
အကြင်နာ ထိုလူအားကြည့်တော့ အရပ်ရှည်ရှည် နဲနဲအသက်ကြီး၍ မျက်မှန်နဲ့ လူ။ မျက်နှာကိုမြင်ဖူးသလိုရှိပေမယ့် ဘယ်သူမှန်းတွေးမရခဲ့။

" ဘယ်သူယူမလဲ..တစ်ပွင့်ထဲရှိတော့တာ။ "

ဆိုင်က အန်တီကြီးက အနားသို့ရောက်ကာ ပြောသည်။ အရင်ရောက်တဲ့လူ ယူဆိုရင်လည်း နှစ်ယောက်လုံးက အတူတူထိပြီး တစ်ချိန်ထဲ ရောက်ခဲ့တာလေ။

ချစ်မိသွားချိန်၌حيث تعيش القصص. اكتشف الآن